Thursday, August 27, 2009

Windows 7 နှင့်အတူ Laptop ဒီဇိုင်းအသစ်များ ထွက်ပေါ်လာဖွယ်ရှိ

myanmar internet journal
ဆန်ဖရန်စစ္စကိုမြို့မှာပြုလုပ်ခဲ့တဲ့ Intel Technology Summit မှာ စွမ်းဆောင်ရည်မြင့်မားပြီး အလွန်ပါးလွှာကာ လှပတဲ့ဒီဇိုင်းနဲ့လက်တော့ပ်များကို အနာဂတ်တွင်တွေ့မြင်ရဖွယ်ရှိကြောင်း Intel ရဲ့အလုပ်အမှုဆောင်တစ်ဦး ကပြောကြားခဲ့ပါတယ်။ ဒီလက်တော့ပ်တွေဟာ Windows 7 ထွက်ရှိမည့် အောက်တိုဘာလမှာထွက်ပေါ်လာနိုင်ပြီး ၎င်းလက်တော့ပ်တွေထွက်ပေါ်လာတဲ့အခါမှာ Netbook တွေအနေနဲ့ ကြီးမားတဲ့အပြောင်းအလဲ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။
Intel ကအသစ်ထွက်ရှိမယ့် လက်တော့ပ်ရဲ့ screen အရွယ်အစားဟာ ၁၃.၃ လက်မအရွယ်ရှိပြီး Core i7 mobile processor ပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Hurry Up and Get Idle (HUGI) နည်းပညာပါဝင်လာမှာဖြစ်ပြီး ဒီ HUGI နည်းပညာဟာ စွမ်းအင်ချွေတာနိုင်တဲ့နည်းပညာဖြစ်ပြီး ပရိုဆက်ဆာရဲ့ လျှင်မြန်တဲ့လုပ်ဆောင်မှုကို idle mode အဖြစ်ပြောင်းလဲကာ အနည်းဆုံးစွမ်းအင်ဖြင့် အလုပ်လုပ်နိုင်စေမှာဖြစ်ကြောင်း Intel ရဲ့ Mobile Platforms Group မှ အထွေထွေမန်နေဂျာဖြစ်သူ Mooly Eden ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပရိုဆက်ဆာရဲ့အမြန်နှုန်းကို တိုးမြှင့်လုပ်ဆောင်နိုင်ပြီး ဥပမာအားဖြင့် 2.0 GHz quadcore chip တစ်လုံးမှာပါဝင်တဲ့ core တစ်ခုကို 2.60 GHz နဲ့အထက် တိုးမြှင့်လုပ်ဆောင်ပြီးနောက် ကျန်တဲ့ core တွေရဲ့လုပ်ဆောင်မှုကို အနားပေးထားနိုင်တယ်လို့ Eden ကပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More