Thursday, August 27, 2009

မန္တလေး ICT EXPO 2009 ကျင်းပပြုလုပ်မည် အတွဲ(၁၀) အမှတ်(၃၃)

myanmar internet jaournal
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (မန္တလေးတိုင်း) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (မန္တလေးတိုင်း) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ICT Expo 2009 ပြပွဲကို စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ မန္တလေး မြို့တော်ခန်းမ၌ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မန္တလေးမြို့နှင့်အထက်မြန်မာပြည်မှလုပ်ငန်းရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် လေ့လာလိုသူများအတွက် ICT နည်းပညာပြန့်ပွားသိရှိစေရေးနှင့် ICT လုပ်ငန်းရှင်များ၏ထုတ်ကုန်နှင့် ၀န် ဆောင်မှုများကို မန္တလေးမြို့နှင့် ပတ်ဝန်းကျင်လူထုအကြား ပို့ဆောင်ပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် မန္တလေးမြို့တော်ခန်းမ (၁) တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ယခုကျင်းပမည့် ICT Expo 2009 ပြပွဲမှာ အသင်းများဖွဲ့စည်းခြင်း၏ (၁၁) နှစ်မြောက်အထိမ်းအမှတ်အဖြစ် သတ်မှတ်ကျင်းပသောနည်းပညာပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
ပြပွဲပြလိုသော ကုမ္ပဏီများအနေဖြင့် စက်တင်ဘာလ ၅ ရက်နေ့နောက်ဆုံးထား၍ အခန်းများကိုလျှောက်ထားရမည်ဖြစ်ပြီး စတင်လျှောက်ထားသောအချိန်တွင် Deposit (နှစ်သိန်းငါးသောင်းကျပ်) နှင့် ကြော်ငြာစရိတ် (သုံးသောင်း) ကျပ်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြခန်းအားလျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုချင်းလျှောက်ထားရမည်ဖြစ်ပြီး အခန်းများ၏ ပြန်လည်နေရာချထားမှုကို ကုမ္ပဏီအမည်ဖြင့်သာ ပြန်လည်နေရာချပေးမည်ဖြစ်ကြောင်း သိရသည်။ ပြခန်းများနေရာပြန်လည်ချထားမှုကို စတင်ဘာလ ၁၂ ရက်နေ့တွင် မဲနှိုက်၍ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မဲနှိုက်ရွေးချယ်သည့်နေ့တွင် ကုမ္ပဏီမှ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတစ်ဦးတက် ရောက်ရမည်ဖြစ်ပြီး မတက်ရောက်နိုင်ပါက အသင်းမှချမှတ်ပေးသောအခန်းကိုသာ လက်ခံရယူရမည်ဖြစ်ကြောင်း သိရသည်။ အခန်းများအားလုံးနေရာချထားပြီးပါက အခန်းတန်ဖိုးနှင့် ကြောငြာခအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ပြခန်းများ၏ ရှေ့လျှောက်လမ်း၊ ခန်းမအ၀င် မိမိပြခန်းနှင့်မသက်ဆိုင်သောနေရာများတွင် ကြော်ငြာ Stand, Board များထောင်လိုပါက 2.5'x5' (တစ်ခုလျှင်) တစ်သောင်းကျပ်၊ 8'x10' တစ်ခုလျှင် တစ်သိန်းကျပ်ဖြစ်ကြောင်း သိရ သည်။ ပြခန်းအခနှုန်းထားများမှာ Type A အတွက်လေးသိန်းကျပ်၊ Type B အတွက်လေးသိန်းကျပ်၊ Type C အတွက် သုံးသိန်းငါးသောင်းကျပ်နှင့် Type D အတွက် လေးသိန်းငါးသောင်းကျပ်အသီးသီးဖြစ်ကြောင်း သိရသည်။
ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကွန်ပျူတာအသင်း ရုံးခန်းတည်ရှိရာ အမှတ် -၃၀၄နှင့် ၁၀၃၊ Raysworld Complex 32 လမ်းနှင့် ဇောတိကလမ်းကြား၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား မန္တလေးဖုန်း - 02-69313 ၊ 02- 69315 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More