This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, September 16, 2009

မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမ များ နေထိုင်သော အိမ်အား အကြမ်းဖက် ဝင်ရောက်လုယက်

ပြည်ပနိုင်ငံ တွင်လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ အမျိုးသမီးများမှာလုံခြုံ မှု မရှိကြောင်း အောက်ပါ အဖြစ်အပျက်က သက်သေပြနေပါသည် ။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူး တွင် အလုပ် လာရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေးများ နေထိုင်သော
အိမ်ကို အကြမ်းဖက်ဝင်ယောက် ပစ္စည်းယူ မုဒိန်းကျင့် သောအမှုတခု ဖြစ်ပွားခဲ့ကြောင့် သိရှိရပါသည်။
အမှုမဖြစ်ပွားမှီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက် လမ်းကြားမှ လာရောက် ကြည့်ရှု့ချောင်းမြောင်း နေသည့် ယောင်္ကျားလေး သူစိမ်း ကို တွေ့ရှိရ သဖြင့် အလုပ်သမ များမှ အေးဂျင့်အား ဖုန်းဆက် ကာ အကြောင်းကြား သော်လည်း တစ်စုံတရာ လာရောက် ပြောဆိုလုပ်ကိုင်ပေးချင်း မရှိခဲ့ပါ။

နောက်တစ်ကြိမ်တွင်းလည်း အဆိုပါအိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်မြင်ယူ စသူများလာရောက်၍ မဖွယ်မရာ ပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြသဖြင့် အေးဂျင့်အားထပ်မံ တိုင်ကြား ခဲ့ပါသည်။အဆိုပါ အေးဂျင့် မှ သူနှင့် မဆိုင်သလို တာဝန်ယူဖြေရှင်း ပေးချင်းမရှိပဲ လာပြရင် ကြည့်နေပေါ့ဟု ပြန်လည် ပြောကြား ခဲ့သည်ဟု ကြားသိ ရပါသည်။

ယခုဖြစ်ပွားပုံ မှာ အဆိုပါ မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မိန်းကလေးများ နေ ထိုင်ရာ အိမ်တွင်းသို့ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်ရသူ လေးဦး ဝင်ရောက်လာကာ အိမ်တွင်နေထိုင်သူ မိန်းကလေး (၁၀) ယောက် ကို ကြိုးနှင့်တုပ် အဝတ်များပါးစပ်ကိုပိတ် စီးကာ အားလုံးကို အဝတ်အစားများချွတ်ကာ ရေချိုးခန်းတွင်းသို့ ထည့်ကာ ပိတ်ထားပါသည်။

ထို့နောက် ငယ်ရွယ်သောမိန်းကလေး လေးယောက် ကို အခန်းတွင်းသို့ ခေါ်ကာ မုဒိန်းကျင့်မှု ကျူးလွန်ခဲ့သည် ဟု သိရှိရပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေ မွှေနှောက်ယူငင်သွားကြသည့်ပြင် မိန်းကလေး (၄)ဦးအား စော်ကားသွားခြင်းဖြစ်ပါသည်။
အဆိုပါ အမှုကိစ္စအား မလေး ရှား ရဲဌာနမှ မည်သို့ ဆက်လက် လုပ်ကိုင်ပေးမည် ကို မသိရှိရသေးသော်လည်း
နောက်ဆုံး ကြားသိရ သည် သတင်း အရ အဆိုပါ မိန်းကလေး များအားလုံးကို မြန်မာ သံရုံးမှ လာရောက် ခေါ်ဆိုသွားသည်ဟုသတင်းပေးပို့သူမှတဆင့် ကြားသိ ရပါသည်။ အသေးစိတ် အချက်လက် သတင်း ကိုထပ်မံ စုံစမ်း ဖော်ပြပေးသွားပါမည်။
ပြည်တွင်းစီးပွားရေး မပြေလည်မှု အလုပ်အကိုင် ရှားပါး မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ကာ အလုပ် လုပ်ကိုင်နေကြရသည် မြန်မာနိုင်ငံမှ အလုပ်သမား အများအပြား ရှိပါသည်။အဆိုပါ အထဲတွင် မိန်းကလေး အများအပြားပါရှိပါသည်။မြန်မာနိုင်ငံမှ လာရောက်အလုပ် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြား မှာ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တွင် အများဆုံးဖြစ်ပါသည်။ မလေးရှားတွင် အလုပ် လာရောက် လုပ်ကိုင် နေသော နိုင်ငံခြားသား အလုပ်သမားများမှာ မကြာခဏ လုယက်ခံရခြင်း ၊ ရိုက်မှုများဖြစ်ခြင်း နှင့် အနိုင်ကျင့် ဆော်ကား ခံရ မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။အလုယက် ခံရသူများ မှာ မည်သို့ တိုင်ကြားရမည်ကို မသိရှိခြင်း ၊ ရှက်ကြောက်ခြင်း တို့ကြောင့် ၊လူ့အခွင့်ရေး ချိုးဖောက်မှု့များဖြစ်ပွားနေသော်လည်း မည်သည့်အမှု့ မှ သေချာ ပေါ်ပေါက်ခြင်းမရှိပဲ ရှိနေပါသည်။

Wednesday, September 9, 2009

Sony မှ Xperia X2 စမတ်ဖုန်းနဲ့ X Series Vaio လက်တော့ပ်ကိုမိတ်ဆက်

internet journal
ဂျာမနီနိုင်ငံဘာလင်မြို့မှာပြုလုပ်ခဲ့တဲ့ IFA 2009 ပြပွဲတွင် Sony ကုမ္ပဏီမှ စမတ်ဖုန်းတစ်မျိုးနဲ့ အလွန်ပါးလွှာတဲ့လက်တော့ပ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ကြောင်းသိရပါတယ်။ Sony မှပြသခဲ့တဲ့လက်တော့ပ်ရဲ့အမည်ဟာ Sony Viao X Series ဖြစ်ပြီး အနက်ရောင်ကာဗွန်ဖိုက်ဘာကိုယ်ထည်ဖြင့်ပြုလုပ်ထားကာ အလေးချိန် ၁.၅ ပေါင်ခန့်သာရှိကြောင်းသိရပါတယ်။ ၁၁.၁ လက်မအရွယ် screen ပါဝင်ပြီး လက်တော့ပ်ရဲ့အထူကတော့ လက် မ၀က်ခန့်သာရှိတယ်လို့ဆိုပါတယ်။ Built-in wireless 3G ပါဝင်ပြီး ဘက်ထရီကိုလည်းအချိန်ကြာမြင့်စွာအသုံးပြုနိုင်မှာဖြစ်ကြောင်း Sony Europe မှဒုက္ကဋ္ဌဖြစ်သူ Fujo Nishida ကကြေညာပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလက် တော့ပ်နဲ့ပတ်သက်တဲ့အသေးစိတ် ဖော်ပြချက်နဲ့ဈေးနှုန်းကိုတော့ Nishida ကပြောကြားသွားခဲ့ခြင်း မရှိပါဘူး။
Sony မှထပ်မံမိတ်ဆက်ပြသပေးခဲ့တဲ့စမတ်ဖုန်းရဲ့အမည်ကတော့ Xperia X2 ဖြစ်ပြီး Microsoft ရဲ့ Windows Mobile 6.5 ကို အသုံးပြုထားကြောင်းသိရပါတယ်။ ဒီဖုန်းနဲ့ပတ်သက်ပြီး ဈေးနှုန်းထုတ်ပြန်ထားခြင်းမရှိပေမယ့် ယခုနှစ် စတုတ္ထလေးလပတ်အတွင်း တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ Nishida ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ကုမ္ပဏီအနေနဲ့အနာဂတ်တွင် network device တွေမှာကြည့်ရှုနိုင်မယ့် 3D နဲ့ပတ်သက်ပြီး Sony ရဲ့ CEO ဖြစ်သူ Howard Stringer ကအရိပ်အမြွက်ပြောကြားခဲ့တယ်လို့သိရပါတယ်။ ဒါ ကြောင့် 3D ရုပ်ရှင်များပိုမိုထွက်ပေါ်လာဖွယ်ရှိပြီး ၎င်း 3D များကိုကြည့်ရှုနိုင်မယ့် Bluray player များ၊ Vaio လက်တော့ပ်များနဲ့ PlayStation 3 များကိုပိုမိုထုတ် လုပ်ဖွယ်ရှိပေမယ့် ဘယ်အချိန်မှာထုတ်လုပ်ရောင်းချမယ်ဆိုတာကိုတော့ Stringer ကပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

Sunday, September 6, 2009

DUAL-SCREEN LAPTOP အသစ်အဆန်းစတင်ရောင်းချမည်

internet journal
ကမ္ဘာ့ကွန်ပျူတာလောကရဲ့ပထမဆုံးဖြစ်မယ့် screen နှစ်ခုပါ dual-screen Laptop ယခုနှစ် ခရစ္စမတ်ကာလအတွင်း အမေရိကန်မှာစတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ Spacebook လို့အမည်ပေးထားတဲ့ Laptop ကိုအမေရိကန် နိုင်ငံအလက်စကာပြည်နယ်အခြေစိုက်ကုမ္ပဏီငယ်တစ်ခုဖြစ်တဲ့ gScreen မှ တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Laptop အရွယ်တူ LED backlit screen နှစ်ခုကိုထပ်လျှက်တပ်ဆင်ထားပြီး screen နှစ်ခုဖြင့်သုံးဖို့လိုတဲ့အခါ ဒုတိယ screen ကိုဆွဲထုတ်အသုံးပြုနိုင်ပြီး အသုံးမလိုတော့တဲ့အခါလည်း အလွယ်တကူပြန်ထည့်သွင်းထားလိုက်ရုံပဲဖြစ်ပါတယ်။ Screen တစ်ခုချင်းစီဟာ ၁၇ လက်မအရွယ်အစားရှိတာကြောင့် နှစ်ခုစလုံးအသုံးပြုတဲ့အခါ ၃၄ လက် မရှိတဲ့မြင်ကွင်းကျယ်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။
gScreen ကုမ္ပဏီရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ဒီဇိုင်နာ Gordon Stewart က “တစ်ချိန်တည်းမှာ application နှစ်ခုသုံးပြီး screen နှစ်ခုကို စောင့်ကြည့်နေဖို့လိုအပ်တဲ့ ဘဏ်ဝန်ထမ်းကနေ ပရော်ဖက်ရှင်နယ်ဒီဇိုင်းတွေလိုမျိုးသုံးစွဲသူတွေအတွက် Spacebook ကို ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်” လို့ပြောကြားပါတယ်။ “ သုံးစွဲသူအများစုဟာ screen နှစ်ခုစလုံးကို တစ်ချိန်လုံးသုံးနေဖို့လည်း မလိုအပ်ပြန်ပါဘူး။ ဒါကြောင့် screen ကို အခုလိုအထုတ်အသွင်းပြုလုပ်နိုင်အောင် ဒီဇိုင်းဖန်တီးထားတာပါ” လို့ Gordon Stewart ကဆက်လက်ပြောကြားပါတယ်။ Laptop မှာ memory 4GB တပ်ဆင်ထားပြီး DVD player ပါဝင်ပါတယ်။
သုံးစွဲသူတွေအတွက် ပြဿနာဖြစ်စေနိုင်တာက Laptop ရဲ့အလေးချိန်ပါ။ Spacebook Laptop ဟာ ၁၂ ပေါင် (၅.၅ ကီလိုဂရမ်) အထိအလေးချိန်ရှိပါတယ်။ ဈေးကွက်ထဲမှာသုံးနေကြ Laptop တွေထက် ၅ ပေါင်ခန့်အထိပိုလေးတာ ကြောင့် ပေါင်ပေါ်မှာတင်ပြီး အချိန်ကြာကြာသုံးစွဲဖို့တော့မလွယ်လှပါဘူး။ gScreen ကထုတ်လုပ်လိုက်တဲ့ အဆိုပါ Laptop တွေကိုအမေရိကန်မှာစတင်ရောင်းချပြီးနောက် ၆ လကြာမှသာဗြိတိန်နိုင်ငံမှာစတာလင်ပေါင် ၁၈၀၀ ခန့်ဖြင့် ရောင်းချသွားမယ်လို့ဆိုပါတယ်။ နောက်ပိုင်း ယခု Laptop ထက်အရွယ်အစားသေးတဲ့ ၁၃ လက်မ screen နှစ်ခုပါ Spacebook Laptop တွေလည်း ထပ်မံထုတ်လုပ်သွားမယ်လို့ gScreen ကုမ္ပဏီရဲ့ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။ Spacebook Laptop ဟာဂျိမ်းစ်ဘွန်းသုံးတဲ့ Laptop နဲ့တူနေကြောင်း တစ်ချို့ကပြောကြပါတယ်။ တကယ်တမ်းမှာလည်း gScreen ကုမ္ပဏီဟာ အမေရိကန်စစ်တပ်အတွက် dual-screen တွေထုတ်လုပ်ပေးဖို့ ဆွေးနွေးညှိနှိုင်း နေကြောင်းသိရပါတယ်။

Microsoft စာမေးပွဲကြေးများ လျှော့ချဖြေဆိုခွင့်ပြု

်internet journal
မိုက္ကရိုဆော့ဖ်မှ အိုင်တီသမားများအတွက် Job role တစ်ခုမှ အခြားမိုက္ကရိုဆော့ဖ်နည်းပညာအခြေပြု Job role တစ်ခုသို့ပြောင်းလဲရာတွင် အထောက်အကူပေးမည့် Career Campaign အစီအစဉ်တစ်ရပ်ကို ၂၀၀၉ ခုနှစ်နောက်ဆုံး (၄) လတွင် စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
Campaign ၏ပထမအဆင့်အဖြစ် သတ်မှတ်စာမေးပွဲ (၇၄) မျိုးအား စာမေးပွဲကြေး 15% မှ 25% ထိ လျော့ချဖြေဆိုခွင့်ပြလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းစာဖြေဌာနများဖြစ်သော Myanmar Inspirations နှင့် Globel net တို့မှသိရှိ ရသည်။ MCTS, MCPD, MCITP အစရှိသော နည်းပညာအောင်လက်မှတ်များပါဝင်သည့် 15% သက်သာခွင့်ပေးမည့် စာမေးပွဲ (၂၄) မျိုး၊ 20% သက်သာခွင့်ပေးမည့် စာမေးပွဲ (၁၅) မျိုး၊ 25% သက်သာခွင့်ပေးမည့် စာမေးပွဲ ၃၃ မျိုးရှိပြီး စက်တင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ (၃) ရက်နေ့အတွင်း ဖြေဆိုနိုင်ကြောင်းသိရသည်။
“စာမေးပွဲကြေးသက်သာခွင့်ကိုရရှိနိုင်ဖို့ http://www.prometric.com/microsoft/curreroffer သို့ စာမေးပွဲဖြေဆိုမည့်သူကိုယ်တိုင် ၀င်ရောက်မှတ်ပုံတင်ပြီး Voucher Code တောင်းယူရပါမယ်။ မည်သူမဆို Voucher Code အမခဲ့တောင်းယူနိုင်ပြီး မိမိဖြေဆိုလိုတဲ့ စာမေးပွဲနံပါတ်နှင့် အမျိုးအစားပါဝင်ခြင်းရှိမရှိ သေချာစွာစစ်ဆေးပြီးမှ တောင်းယူရန်လိုအပ်ပါတယ်” ဟု Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
တစ်ဦးလျှင် တစ်ခုထက်ပိုမိုသော Voucher Code ကိုမယူနိုင်သလို စာမေးပွဲ (၇၄) မျိုးကိုလည်း အရေအတွက်အကန့်အသတ်မရှိ လျော့ဈေးဖြင့်ဖြေဆိုနိုင်ကြောင်း သိရသည်။ ဈေးလျော့ပေးသည့်စာမေးပွဲအမျိုးအစားနှင့် ရရှိနိုင်မည့် မိုက္ကရိုဆော့ဖ် အသိအမှတ်ပြုအောင်လက်မှတ်အမျိုးအမည်တို့ကိုလည်း အထက်ပါအင်တာနက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားကြောင်း Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားခဲ့သည်။
မိုက္ကရိုဆော့ဖ်မှပြုလုပ်သော Career Campaign ၏ပထမအဆင့်အစီအစဉ်အရ MCIS အောင်လက်မှတ်အမျိုးမျိုးကို တပြိုင်နက်ရရှိနိုင်သလို professional အဆင့် MCTIP လက်မှတ်များကို ပါစေနိုင်ကြောင်းသိရသည်။ 25% လျော့ချပေးသော စာမေးပွဲများတွင်ပါဝင်သည့် SQL 2005, SQL 2008, Exchange 2007, Net 3.5 တို့ကိုဖြေဆိုပြီး MCITP Database Developer, Database Administrator, Enterprise Application Developer, Web Developer များဖြစ်လာနိုင်ကြောင်း သိရသည်။
Globel Net အွန်လိုင်းစာဖြေဌာနမှပြောကြားရာတွင် ဒီအစီအစဉ်ဟာ Year 2009 အတွက် Special Offer ဖြစ်လို့ Microsoft ဖြေဆိုမည့်သူများအတွက် အထူးအခွင့်အရေးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Saturday, September 5, 2009

စင်ကာပူတွင် တစ်ဆင့်ခံကန်ထရိုက်တာများ၏ ခေါင်းပုံဖြတ်ခြင်းကြောင့် နိုင်ငံခြားသားအလုပ်သမားများ ဒုက္ခတွေ့နေရ

yangon media group
စင်ကာပူနိုင်ငံသည် ကျွမ်းကျင်ရန်မလိုသော အလုပ်သမားများအား တံခါးဖွင့်လက်ခံခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၃၀ကျော်ကြာခဲ့ပြီဖြစ်သည်။
သို့ရာတွင် ဆယ်စုနှစ်များစွာအတွင်း များသောအားဖြင့် အလုပ်ရှင် များ၏ ကောင်းမွန်သည့် မှတ်တမ်းမှတ်ရာများရှိခဲ့သော်လည်း နိုင်ငံခြားသား အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မတရားပြုသည့် အမှုများရှိနေသည်။
လွန်ခဲ့သည့်ရက်သတ္တနှစ်ပတ်က ဘင်္ဂလားဒေ့ရှ်အလုပ်သမား ၁၈၀မှာ ဒုက္ခရောက်နေပြီး ပစ်ထားခံရသည်ကို တွေ့ရှိခဲ့ရသည်။ သူတို့၏လုပ်အားခ ကို တစ်ဆင့်ခံကန်ထရိုက်တာက မပေးကြောင်း သိရသည်။

Friday, September 4, 2009

CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့် လျှောက်ထားနိုင်


Friday, 04 September 2009 internet journal
Networking Certificate Exam များတွင် Cisco Certificate များမှာ နံပါတ် (၁) နေရာတွင်ရယူထားသော်လည်း Cisco စာမေးပွဲကြေးများမှာ မြင့်မားလျက်ရှိကြောင်းသိရသည်။ ထိုသို့စာမေးပွဲကြေးများမြင့်မားသဖြင့် Cisco Networking ဘာသာရပ်ကို လေ့လာထားသော်လည်း စာမေးပွဲဖြေဆိုရန် အခက်အခဲရှိသူမည်သူမဆို CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့်လျှောက်ထားနိုင်ကြောင်း Netinfo Training Centre မှသိရှိရသည်။ အဆိုပါဖြေဆိုခွင့်မှာ Cisco စာမေးပွဲများအားလုံးအတွက်မဟုတ်ဘဲ CCNA စာမေးပွဲတစ်ခုတည်းအတွက်သာ စာမေးပွဲအခမဲ့ဖြေဆိုခွင့် ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ICT ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူငယ်တွေဟာ ကွန်ပျူတာလေ့လာသင်ယူမှုတွေ ပိုများလာပါတယ်” ဒီလိုလေ့လာသင်ယူလာတဲ့အထဲမှာ Networking ဘာသာရပ်ကို တိုတောင်းသောအချိန်ကာလအတွင်း နိုင်ငံတကာသို့သွားရောက်အလုပ်လုပ်နိုင်သည့် အခွင့်အရေးအများဆုံးလမ်းကြောင်းတစ်ခုအဖြစ် ရွေးချယ်လာကြပါတယ်။ Networking Certifcate Exam တွေမှာ Cisco Certificate များက ထိပ်ဆုံးနေရာမှာရယူထားပါတယ်။ ဒါပေမဲ့ စာမေးပွဲကြေးကမြင့်မားတဲ့အခါမှာ ၀ါသနာပါသော်လည်း အချို့သောလူငယ်များအနေနဲ့ စာမေးပွဲဖြေဆိုဖို့ အခက်အခဲရှိပါတယ်။ ဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက် အမှန်တကယ်ကြိုးစားပြီး ဘ၀ကိုရည်မှန်း ချက်မြင့်မားစွာနဲ့ မှန်းထားသူတွေအတွက်ရည်ရွယ်ပြီးတော့ တစ်ဦးလျှင် CCNA စာမေးပွဲကြေးနဲ့ စာမေးပွဲ Register ကြေးကျပ်သုံးသိန်းခွဲခန့်ကို ကျခံပေးသွားမှာဖြစ်ပါတယ်” ဟု Netinfo Training Centre မှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
“CCNA“ စာမေးပွဲအခမဲ့ဖြေဆိုခွင့်ကို လက်ရှိသင်တန်းမှာ တက်ရောက်နေတဲ့သူတွေရော ပြင်ပက CCNA လေ့လာသင်ယူနေသူတွေပါ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကနေလျှောက်တဲ့သူတွေအနေနဲ့ကတော့ ကိုယ့်ရဲ့သင်တန်းကဖြစ်တဲ့အတွက် သူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ အနေအထားကိုကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ပြင်ကနေလာလျှောက်တဲ့သူတွေအနေနဲ့က အခမဲ့ဖြေဆိုခွင့်အတွက် လျှောက်ထားမဲ့ဖောင်အ ရင်ဖြည့်ရပါမယ်။ ဖောင်ဖြည့်ပြီးသွားပြီဆိုင် CCNA နဲ့ပတ်သက်တဲ့ Test တစ်ခုကိုဖြေဆိုရပါမယ်။ Test ဖြေဆိုပြီးသွားတာနဲ့ စာမေးပွဲအခမဲ့ဖြေဆိုခွင့်နဲ့ပတ်သက်ပြီး အင်တာဗျူးဖြေဆိုရမှာဖြစ်ပါတယ်။ Qualify ဖြစ်တဲ့သူတွေကိုတော့ CCNA စာမေးပွဲအခမဲ့ဖြေဆိုခွင့်တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။
Netinfo Training Centre အနေဖြင့် Networking Certificate Exam များကို ဖြေဆိုမည့်သူများအား Course စာအုပ်အပြည့်သင်ကြားပေးခြင်း၊ သင်ခန်းစာနှင့်အတူ လက်တွေ့လေ့ကျင့်ခန်းများအတွက် သင်တန်းသားတစ်ဦးလျှင် Pentium Dual Core စက်များဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊ သင်ထောက်ကူပစ္စည်းများဖြင့် အပြည့်အ၀သင်ကြားပေးခြင်း၊ မြန်နှုန်းမြင့်အင်တာနက်ကို အခမဲ့ပေးသုံးခြင်း၊ Exam များအလွယ်တကူဖြေဆိုရန် အနီးကပ်မေးခွန်းဟောင်းများကို လေ့ကျင့်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

Tuesday, September 1, 2009

ပုံနှိပ်မဂ္ဂဇင်းစာမျက်နှာတွင် ဗီဒီယိုကြည့်ရှုနိုင်မည့်နည်းပညာသစ်


internet journal
ကမ္ဘာကျော်ဟယ်ရီပေါ်တာဇာတ်လမ်းထဲကကို လှုပ်ရှားပုံရိပ်တွေပါဝင်တဲ့သတင်းစာတွေ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ရေး ပထမဆုံးခြေလှမ်းကို အမေရိကန်မှာစတင်လိုက်ပါပြီ။ စာရွက်ပေါ်မှာ ကြော်ငြာဗီဒီယိုထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံးမဂ္ဂဇင်းကို လာမယ့်စက်တင်ဘာလအတွင်း အမေရိကန်မှာဖတ်ရှုနိုင်တော့မယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံထုတ် Entertainment Weekly (EW) မဂ္ဂဇင်းမှာ အလွန်ပါးလွှာတဲ့ screen, minispeaker တို့နဲ့အတူ video-chip ထည့်သွင်းထားမှာဖြစ်ပြီး စာဖတ်သူအနေနဲ့ မဂ္ဂဇင်းစာရွက်ပေါ်မှာပင် ကြော်ငြာတွေကို ဗီဒီယိုအဖြစ်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ စာရွက်ပေါ်မှာ ဗီဒီယိုကြည့်ရှုနိုင်မယ့် screen လေးတွေဟာ ပုံနှိပ်ခြင်း၊ မဂ္ဂဇင်းစာအုပ်ချုပ်ခြင်းနဲ့ သယ်ယူပို့ဆောင်ရာမှာလည်း အကြမ်းခံနိုင်တယ်လို့ EW မဂ္ဂဇင်းမှာ ကြော်ငြာဗီဒီယိုလုပ်ငန်းတွေ တာဝန်ယူဆောင်ရွက်သွားမယ့် အမေရိကန်ရုပ်သံကုမ္ပဏီ CBS ကပြောကြားပါတယ်။
မဂ္ဂဇင်းစာရွက်တွေပေါ်မှာ ဗီဒီယိုကြည့်ရှုနိုင်တဲ့ video-chip နဲ့ screen ထည့်သွင်းတဲ့နည်းပညာသစ်ကို လော့စ်အိန်ဂျလိစ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Americhip ကတီထွင်ဖန်တီးခဲ့တာပါ။ ဗီဒီယိုကြည့်ရှုနိုင်တဲ့ screen ဟာ ၂.၇ မီလီမီတာမျှသာအထူရှိပြီး 320x 240 resolution ဖြစ်ပါတယ်။ အရွယ်အစားကမိုဘိုင်းဖုန်း screen အရွယ်အစားခန့်ဖြစ်ပါတယ်။ TFT LCD (thin film transistor liquid crystal display) နည်းပညာသုံး screen ဖြစ်ပြီး Built-in button တွေပါဝင်တာကြောင့် စာဖတ်သူအနေနဲ့ နှစ်သက်ရာကြော်ငြာဗီဒီယိုကိုလည်း ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ Built-in battery ပါဝင်ပြီး ဗီဒီယိုတွေကိုမိနစ် 70 ကြာတဲ့အထိကြည့်ရှုနိုင်မှာပါ။ Battery ကိုအားပြန်သွင်းနိုင်ပြီး အားသွင်းဖို့အတွက်လည်း USB ကြိုးပါဝင်တယ်လို့ဆိုပါတယ်။ မဂ္ဂဇင်းမှာပထမဆုံးထည့်သွင်းသွားမယ့် ကြော်ငြာဗီဒီယိုတွေကတော့ The Big Bang Theory နဲ့ Two And A Half Men တို့လို အမေရိကန်ရုပ်သံကုမ္ပဏီတွေမှာ ဖြစ်ပါလိမ့်မယ်။ ရုပ်သံကုမ္ပဏီတွေရဲ့အစီအစဉ်သစ်တွေကို မဂ္ဂဇင်းစာအုပ်ထဲက screen မှာ နမူနာ Video Clips တွေအဖြစ် ပြသကြော်ငြာသွားမှာပါ။ ထို့အတူ Pepsi အချိုရည်ကြော်ငြာဗီဒီယိုကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
“ ဒီနည်းပညာဟာ ရုပ်သံဌာနတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ အစီအစဉ်သစ်တွေ၊ ကုန်ပစ္စည်းတွေကို TV ဖန်သားပြင်မသုံးပဲ ဗီဒီယိုအဖြစ်ကြော်ငြာနိုင်တဲ့ ပထမဆုံးနည်းလမ်းတစ်ခုဖြစ်တယ်” လို့ CBS ကြော်ငြာလုပ်ငန်းရဲ့ ဥက္ကဋ္ဌဖြစ်သူကပြောကြားပါတယ်။ ယခုပုံစံကြော်ငြာ်တွေကို စာဖတ်သူတွေကလည်း ပိုမိုသတိထားမိမှာဖြစ်တဲ့အတွက် ကြော်ငြာခပေးရကျိုးနပ်စေမှာဖြစ်တယ်လို့ဆိုပါတယ်။ Americhip ရဲ့နည်းပညာသစ်ဟာ ဟယ်ရီပေါ်တာဇာတ် လမ်းထဲက ''Daily Prophet'' မှော်သတင်းစာကဲ့သို့ပင်ဖြစ်ကြောင်း ခိုင်းနှိုင်းပြောဆိုနေပါတယ်။ လက်ရှိအချိန်မှာတော့ screen အတွက် ကုန်ကျစရိတ်၊ ကြော်ငြာခနှုန်းထားနဲ့ မဂ္ဂဇင်းတန်ဖိုးတွေကို မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် နည်းပညာသစ်ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ထုတ်လုပ်မှုစရိတ်လည်းလျှော့ကျလာမယ်လို့သိရပါတယ်။
လာမယ့် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် EW မဂ္ဂဇင်းတွေထဲကမဂ္ဂဇင်းအချို့မှာ ကြော်ငြာဗီဒီယိုကြည့်ရှုနိုင်တဲ့ screen စတင်ပါဝင်လာမှာဖြစ်ပါတယ်။ စာရွက်ပေါ်မှာကြော်ငြာဗီဒီယိုတွေကြည့်ရှုနိုင်အောင် တီထွင်ဆန်းသစ်လိုက်တဲ့ Americhip ရဲ့နည်းပညာသစ်ကြောင့် သတင်းတွေကို အချိန်နဲ့တပြေးညီ update လုပ်ဖော်ပြပေးနိုင်မယ့် Digital Newwpapers တွေ အနာဂတ်ကာလမှာပေါ်ပေါက်လာရေး အလားအလာကောင်းနေတယ်လို့ သုံးသပ်နေကြပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More