Tuesday, August 25, 2009

LCD မော်နီတာများအား စနစ်တကျအသုံးပြုသင့်သည့်နည်းလမ်းများ


ကွန်ပျူတာအသုံးပြုသူများ LCD မော်နီတာများသုံးစွဲရာတွင် ထိခိုက်မှုနည်းပါးပြီး ကြာရှည်ခံစေရန် စနစ်တကျအသုံးပြုသင့်သည့်နည်းလမ်းများရှိကြောင်း LCD မော်နီတာများ တင်သွင်းဖြန့်ချိလျက်ရှိသောကုမ္ပဏီများမှ အကြံ ပြုပြောသည်။
LCD မော်နီတာများတပ်ဆင်သုံးစွဲရာတွင် စတင်တပ်ဆင်စဉ်ကပင် တပ်ဆင်အသုံးပြုပုံအသေးစိတ်လမ်းညွှန်ကို ၎င်းတွင်ပါရှိသော User Guide တွင်ဖတ်ရှုပြီးမှ တပ်ဆင်အသုံးပြုရန် အရေးကြီးပြီး မှားယွင်းတပ်ဆင်အသုံးပြုမှုကြောင့် ပျက်စီးခြင်းဖြစ်ပေါ်ပါက အာမခံအရပါဆုံးရှုံးစေနိုင်ကြောင်းသိရသည်။


“LCD“ မော်နီတာတွေအသုံးပြုရာမှာ သုံးစွဲသူတွေအနေနဲ့ LCD ရဲ့ သက်တမ်းပိုမိုကြာရှည်စွာအသုံးပြုနိုင်အောင် စနစ်တကျနဲ့ ဂရုစိုက်ဆောင်ရွက်ရမယ့်နည်းလမ်းတွေရှိပါတယ်။ ဒီလိုထိန်းသိမ်းလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ ကိုသိရှိပြီး လုပ်ဆောင်ပေးမှုအနေနဲ့ အခုအချိန်အထိအားနည်းနေပါသေးတယ်။ ဂရုစိုက်ကိုင်တွယ် အသုံးပြုတဲ့သူတွေထဲမှာတောင် စနစ်တကျလိုက်နာလုပ်ဆောင်ရမယ့် အချို့အချက်တွေကို မသိရှိတာတွေရှိပါတယ်” ဟု ကွန်ပျူတာသုံးစွဲနေသူတစ်ဦးကပြောသည်။


“ဂရုစိုက်ကိုင်တွယ်အသုံးပြုသင့်တဲ့အချက်တွကို သေချာမသိရှိတဲ့သူတွေအနေနဲ့က အချို့အချက်တွေဟာ သာမန်လုပ်ဆောင်တာပဲဆိုပြီး လုပ်ကိုင်ကြလို့ဖြစ်ပါတယ်။ သတိပြုရမှာက အဲဒီ့သာမန်ကိစ္စလေးကပဲ ကိုယ့်ရဲ့ပစ္စည်းသက်တမ်းကို ထိခိုက်စေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် LCD မျက်နှာပြင်ကိုဆေးကြောရာမှာ သန့်ရှင်းတဲ့ရေနဲ့သာဆေးကြောရမှာဖြစ်ပြီး ဓါတုပစ္စည်းများနဲ့ အစွန်းချွတ်ဆပ်ပြာ မှုန့်တွေကို မသုံးရပါဘူး” ဟု ASUS ၏ မြန်မာနိုင်ငံတစ်ဦးတည်း ဖြန့်ချိခွင့်ကိုယ်စားလှယ် Golden Power Technolog မှ ဆားဗစ်ကျွမ်းကျင်သူတစ်ဦးကအကြံပြုပြောသည်။


LCD များအား ဂရုစိုက်ရန်နည်းလမ်းများအနေဖြင့် ကွန်ပျူတာအသုံးမပြုစဉ်တွင် LCD ကို ပါဝါပိတ်ထားခြင်းဖြင့် LCD ၏သက်တမ်းကိုကြာရှည်စေပြီး လျှပ်စစ်ဓါတ်အားကိုပါ ချွေတာရာရောက်စေနိုင်ကြောင်း သိရသည်။ LCD မျက်နှာပြင်ကို ချွန်ထက်သောအရာ၊ မာကျောသောပစ္စည်းများနှင့် လက်ချောင်းများဖြင့် မထိမိအောင်ဂရုစိုက်ခြင်းဖြင့် အစင်းရာများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး LCD မျက်နှာပြင်ရှိအညစ်အကြေးများကို သန့်ရှင်းရာ၌လည်း လက်ချောင်းများကိုအသုံးမပြုဘဲ ၎င်းအတွက်သီးသန့်ထုတ်ထားသော အ၀တ်စဖြင့်သာ ဆေးကြောသင့်ကြောင်းသိရသည်။

src: Internet Journal

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More