Tuesday, August 25, 2009

နိုင်ငံတကာအသိအမှတ်ပြုဘွဲ့များ အွန်လိုင်းမှတစ်ဆင့်ရယူနိုင်


မြန်မာနိုင်ငံမှကျောင်းသားများ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံရှိတက္ကသိုလ်များသို့ သွားရောက်ကျောင်းတက်စရာမလိုဘဲ ပြည်တွင်းမှာပင် အွန်လိုင်းမှတဆင့် Post graduate Diploma မှ Master အထိ IT နှင့် Business ဘာသာရပ်ကို လေ့လာသင်ယူနိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်များကိုရယူနိုင်ကြောင်း သိရသည်။ ၎င်း Online Learning ကို အင်တာနက်ရှိရုံဖြင့် Smart Resource နှင့်ချိတ်ဆက်သင်ကြားပေးနိုင်ပြီး သက်ဆိုင်ရာနိုင်ငံ၏ တက္ကသိုလ်တွင် သွားရောက်သင်ကြားသောစရိတ်ထက် ငါးဆမှဆယ်ဆအထိ သက်သာသလို တက္ကသိုလ် ပရ၀ုဏ်တွင် သွားရောက်သင်ကြားသည့်ကျောင်းသားများအတိုင်း အရည်အချင်းတူညီသည့်အတွက် Online Graduate များအား အလုပ်ရှင်များက လက်ခံရွေးချယ်ကြောင်းသိရသည်။

တက္ကသိုလ်ပရ၀ုဏ်တွင်တက်ရောက်ရသောကျောင်းသားများကဲ့သို့ ဆရာနှင့်အပြန်အလှန်မေးမြန်းကာ တိုက်ရိုက်သင်ကြားနိုင်သည့်အပြင် စာသင်ကြားသော video conferencing section အား မှတ်တမ်းပြုလုပ်ထားသဖြင့် တိုက် ရိုက်စာသင်ချိန်တွင် မသင်ယူဖြစ်ရင်သော်လည်းကောင်း၊ သင်ထားသည်များကို ပြန်လည်လေ့လာလိုလျှင်လည်းကောင်း အလွယ်တကူကြည့်ရှု့နိုင်သည်ဟုသိရသည်။ (24) hours /(7) days Technical Support ဖြစ်သည့်အတွက် မရှင်း လင်းသည်များရှိပါက ဆရာများထံသို့ email ဖြင့် အချိန်မရွေးမေးမြန်းနိုင်ပြီး (၂၄) နာရီအတွင်း ပြန်လည်ဖြေကြားပေးပြီး၊ စာသင်ကြားရာတွင် အထောက်အကူဖြစ်စေမည့် e-books, Journals နှင့် articles (၄၀,၀၀၀) ကျော်ကို University ကြီးများ၏ E-Library များတွင် အလွယ်တကူဝင်ရောက်ရှာဖွေလေ့လာမှီငြိမ်းကိုးကားနိုင်ကြောင်း သိရသည်။

ကျောင်းသားများသည် ကိုယ်ပိုင် ID နှင့် password တစ်ခုချင်းစီဖြင့် www.purpletrain.com သို့ဝင်ရောက်ပြီးသင်ယူရမည်။ သက်ဆိုင်ရာ Graduate Level နှင့် Examination တို့ဖြင့် လေ့လာသင်ကြားရမည်ဟုသိရသည်။ Smart Resources သည် Online Graduate Learning Program များအား မြန်မာပြည်မှသင်ကြားနိုင်ရန် တာဝန်ယူဆောင်ရွက်ပေးရသည့် တစ်ခုတည်းသော Authorized Agent ဖြစ်ပြီး Online Graduate Learing Program များအတွက် ကျောင်းလျှောက်ထားခြင်းဆိုင်ရာဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

src:Internet Journal

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More