Thursday, August 27, 2009

GMAT စာမေးပွဲဘာသာရပ်များ ဖြေဆိုချိန်ပြောင်းလဲ အတွဲ(၁၀) အမှတ်(၃၃)

myanmar internet journal

နိုင်ငံတကာစီးပွားရေးတက္ကသိုလ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့သင်တန်းများ၊ MBA ကျောင်းများဝင်ခွင့်လျှောက်ထားရာတွင် ပူးတွဲပေးပို့ရသော GMAT စာမေးပွဲများဖြေဆိုရန်သတ်မှတ်ထားချိန် အပြောင်းအလဲရှိကြောင်း အွန်လိုင်း စာဖြေဌာနတစ်ခုမှသိရှိရသည်။
“အရင်က GMAT စာမေးပွဲဖြေဆိုချိန် ၂၅၅ မိနစ်ကနေ ၂၄၀ မိနစ်ကို ဇူလိုင်လကုန်ကနေစပြီးတော့ ပြင်ဆင်လျော့ချလိုက်ပါတယ်။ GMAT စာမေးပွဲကို အဓိကအပိုင်း (၄) ခုနဲ့ဖြေဆိုရန် သတ်မှတ်ထားချိန်တွေဟာ အပြောင်းအလဲရှိမှာ မဟုတ်ပဲ Essay အတွက် ၃၀ မိနစ်၊ Essay 2 အတွက် ၃၀ မိနစ်၊ Verbal Section အတွက် ၇၅ မိနစ်၊ Quantitative Section အတွက် ၇၅ မိနစ် ခွင့်ပြုထားမယ်လို့သိရပါတယ်။ Section တစ်ခုနဲ့တစ်ခုအကြား ဖြေဆိုမှုရပ်နားချိန် 10 မိ နစ်အစား ၈ မိနစ်သာပေးတော့မှာဖြစ်တဲ့အတွက် GMAT စာမေးပွဲဖြေဆိုသူတွေအနေနဲ့ သတ်မှတ်ရပ်နားချိန်ထက်ကျော်လွန်ပါက မိမိဖြေဆိုရမည့်အချိန်များထဲမှနှုတ်ယူသွားမည်ဖြစ်ရာ ဖြေဆိုချိန်အလေအလွင့်မရှိစေဖို့ အထူးဂရု ပြုရမှာဖြစ်ပါတယ်။ Tutorial ဖြေဆိုချိန် ၄ မိနစ် BIQS (Background Information Questions) ဖြေဆိုရန် ၄ မိနစ်၊ မိမိရမှတ် Score Report အား မိမိလျှောက်ထားလိုသောသက်ဆိုင်ရာကျောင်းများသို့ ပေးပို့ /မပို့ စဉ်းစားဆုံဖြတ်ချိန် ၂ မိနစ်ပေးထားပါတယ်” ဟု အွန်လိုင်းစာဖြေဌာနတစ်ခုဖြစ်သော Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
GMAT စာမေးပွဲဖြေဆိုမည့်သူများသည် ဘွဲ့ရပြီးသူမည်သူမဆို (၃) ရက်ကြိုတင်စာရင်းသွင်းရမည်ဖြစ်ပြီး မိမိတို့ကြိုက်နှစ်သက်ရာအချိန်နှင့်ရက်ကို ရွေးချယ်ဖြေဆိုနိုင်ကြောင်းသိရသည်။ နိုင်ငံတကာတွင်ဖြေဆိုရသည့် စာမေးပွဲကြေး USD 250 ဖြင့်သာဖြေဆိုနိုင်သည့်အတွက် ပြည်ပသို့ထွက်ရောက်ဖြေဆိုရသည့် စရိတ်များစွာသက်သာစေကြောင်းသိရသည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် Myanmar Inspirations မြန်မာအင်ဖိုတက် အဆောင် (၇)၊ အခန်း (၆) တွင် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More