This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, August 30, 2009

Windows 7 RC Download ပြုလုပ်ခွင့်ရပ်ဆိုင်း

internet journal

Windows 7 Release Candidate (RC) ရဲ့ ဒေါင်းလုပ်ပြုလုပ်ခွင့်ကိုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Microsoft မှ အတည်ပြုပြောကြားလိုက်ပါတယ်။ Microsoft ကုမ္ပဏီဟာ Windows 7 RC ဒေါင်းလုပ်လုပ်ခဲ့ကြသူများကို Windows 7 RC ဒေါင်းလုပ်ကုန်ဆုံးမယ့်ရက်အား အီးမေးလ်မှတဆင့် အသိပေးအကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတိပေးအကြောင်းကြားချက်ထပ်မံပေးပို့ခဲ့ပြီး ကြာသပတေး နေ့မှာတော့ Windows 7 RC ဒေါင်းလုပ်ပြုလုပ်ခွင့်အားရပ်ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။


Microsoft ဟာ Windows 7 RC ကိုပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှစတင်ကာ ဒေါင်းလုပ်ပြုလုပ်ခွင့်ပေးခဲ့ပြီး နောက်ဆုံးရက်ကို သြဂုတ်လ ၁၅ ရက်နေ့အထိသတ်မှတ်ထားခဲ့ပေမယ့် Windows 7 RC ဒေါင်းလုပ်ပြုလုပ်ခွင့်ကို ငါးရာထပ်မံတိုးမြှင့်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ပြောကြားချက်အရ Windows 7 RC ကို မေလမှစ၍ ဒေါင်းလုပ်ပြုလုပ်သူ သန်း ပေါင်းများစွာရှိခဲ့တယ်လို့ဆိုပါတယ်။ Windows 7 RC ရဲ့သက်တမ်းဟာ ၂၀၁၀ ခုနှစ်မတ်လ ၁ ရက်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အဲ့ဒီနေ့မှစ၍ နှစ်နာရီခြားတစ်ခါ အလိုအလျောက် shut down ဖြစ်နေမှာဖြစ်ကာ ၂၀၁၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာတော့ Windows 7 RC ကိုဆက်လက်အသုံးပြုနိုင်မှာမဟုတ်ကြောင်း Microsoft ရဲ့ပြောကြားချက်အရသိရပါတယ်။
Comments

Friday, August 28, 2009

အမေရိကန်ပြည်ထောင်စု၏ အလုပ်လက်မဲ့ဖြစ်မှု အဆိုးရွားဆုံးအခြေအနေမှ တဖြည်းဖြည်းကျဆင်း



အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးက ဧပြီလ တွင် အလုပ်နေရာ ၅၃၉၀၀၀ ဆုံးရှုံးခဲ့ရာ လွန်ခဲ့သည့်လများ ကထက် အလုပ်လက်မဲ့နှုန်းလျော့နည်းသွားခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ထိုကဲ့သို့သောအသွင်လက္ခဏာက အမေရိကန် ပြည်ထောင်စု၏ အလုပ်သမားဈေးကွက်မှာ ပြန်လည်တိုး တက်မှုရှိလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ အလုပ် သမားဝန်ကြီးဌာန၏အဆိုအရ အလုပ်လက်မဲ့နှုန်းသည် ၈ ဒသမ ၉ရာခိုင်နှုန်း မြင့်တက်နေခြင်းသည် လွန်ခဲ့သည့်မတ်လ က ၈ဒသမ၅ ရာခိုင်နှုန်းရှိရာမှ ထပ်မံမြင့်တက်လာခြင်းဖြစ် သည်ဟုဆိုသည်။

၂၀၀၇ခုနှစ် ဒီဇင်ဘာလမှစ၍ အမေရိကန်ပြည် ထောင်စုတွင် လူပေါင်း ၅ဒသမ ၇သန်းခန့် အလုပ်လက်မဲ့ဖြစ် ခဲ့ခြင်းဖြစ်ပြီး ပညာရေးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုဌာန နှင့် အစိုးရရုံးဌာနများတွင် အလုပ်သမား ငှားရမ်းအသုံးပြုနေ ခဲ့သော်လည်း ထိုကဲ့သို့ အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ စီးပွားရေးပညာရှင် ခရစ်ရပ်ကီက စီးပွားရေးမှာ အလှည့်အပြောင်းကာလကို ရောက်နေပြီး အလုပ်သမားဈေး ကွက် စတင်တိုးတက်မှုများဖြစ်လာဖွယ်ရှိသည်ဟု ပြောကြား ခဲ့သည်။ အလားတူပင် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု အခြေအနေမှ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျော်လွှား နိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။
၂၀၀၈ခုနှစ် နှောင်းပိုင်းကာလတွင် စားသုံးသူ သုံးစွဲမှုထိုးကျသွားခဲ့သော်လည်း ယခုနှစ် ပထမသုံးလပတ် ကာလတွင် ပြန်လည်မြင့်တက်လာခဲ့သည်။ မကြာသေးမီက ရရှိသောအချက်အလက်များအရ အိမ်ရာဈေးကွက်မှာ ယခင် ကထက်ပို၍ အခြေအနေ သာသာယာယာရှိလာခဲ့သည်ဟု ဆိုသည်။ ဗဟိုဘဏ်အကြီးအကဲ ဘင်ဘာနန်ကီက အချက် အချာကျသော ငွေရေးကြေးရေးသာ နှောင့်နှေးမှုမရှိပါက ယခုနှစ်တွင် စီးပွားရေးကျဆင်းမှု အဆုံးသတ်ဖွယ်ရှိသည် ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ ထိပ်တန်းရင်းနှီးမြှုပ် နှံမှုမန်နေဂျာ ဂျေမူလာက အလုပ်လက်မဲ့နှုန်းအရေအတွက် ထိတ်လန့်စိုးရွံ့စရာကိန်းဂဏန်းပမာဏဖြစ်ပြီး ထိုထက်ပို၍ အထွတ်အထိပ်သို့ရောက်ရှိလာမည်ဆိုပါက လုံးဝဥဿုံအဆိုး ရွားဆုံးနှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ [Ref:Internet]/KH

အလောင်းတော်ကဿပတွင် ထူးခြားမှုများ နှစ်စဉ်ပေါ်ထွန်း



ပေါ်ပြူလာ ဂျာနယ်

မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော် ကဿပဒေသသည် မုံရွာ မြို့တစ် ဘက်ကမ်းညောင်ပင်ကြီးဆိပ်မှ မိုင် ၆ဝ ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့ တွဲလပြည့်နေ့က အလောင်း တော်က ဿပ ပရိနိဗ္ဗာန်ပြုရာ စံ ကျောင်းတော် ကျောက် သားတံခါး ပွင့်ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်သူ အမျိုးသမီး တစ်ဦးမှ မှတ်တမ်းတင် ဗီဒီယို ရိုက် ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသ ခံများ၏ ကိုယ်တွေ့၊ ပြောပြချက် အရမူ အလောင်းတော် ကဿပ တွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြား မှုဖြစ်ပေါ်လေ့ရှိကြောင်း သိရပါ သည်။ ရှေးယခင်က အလောင်း တော် ကဿပသို့ ဘုရားဖူးသွားလို လျှင် ခြေလျင်ခရီးသာရှိပြီး ယခု အခါ ပွင့်လင်းရာသီတန်ဆောင်မုန်း လမှစတင်၍ တန်ခူးလသင်္ကြန် မတို
င်မီအထိ မော်တော်ယာဉ်များ ဖြင့် စိတ် ချမ်းမြေ့စွာ သွားလာ နိုင်ပါ ပြီ။
မြေခင်းဧရိယာ ကျယ်ဝန်း သော ချောင်းမကြီးစခန်းတွင် ယာဉ် ရပ်နား၍ တစ်မိုင်ခရီး ကို ခြေလျင် လျှောက်ရုံ သာပင်။ အလောင်းတော် ကဿပတွင် တည်းခိုစခန်းများ၊ စား သောက်ဆိုင်တန်းများ သီးခြားတည် ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမ ဝေးတွင် ကြေးပြာသာဒ်စံကျောင်း တော်ဖြင့် အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင် သည်။ ကိုယ်စားတော်၏ ဦးခေါင်း တော်အောက် တည့်တည့်လိုဏ်ဂူ အတွင်းမှာ အလောင်းတော်၏ ခြေ တော်အစုံတည်ရှိသည်။ Óဏ်တော် ၁ဝ တောင်ရှိပြီး အနောက်မြောက် ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြု နေဟန် ရဟန္တာပုံ သဏ္ဌာန်ဖြစ်ပါ သည်။ မူလဒါယကာမှာ အဇာတ သတ်မင်း ဟုဆိုကြသည်။
စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်း သွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံး လုံး ဆုံရာအရပ် ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော်တည် ရှိသည်။သမိုင်း ဟောင်း ပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ် သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက် တော် ၁၂ဝ၊ ဝါတော်သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ သည်။ ဝေဘာရတောင်အလယ်ဗဟို အတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက်တော်ရှိသည်။ တိုက် တော်အတွင်း ကြေးပြာ သာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင် မဟာကဿပ သည် မြောက်သို့ ဦး ခေါင်းပြုကာ လက်ယာနံတော် စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါ သည်။ စံကျောင်းတော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်း တွင် အလောင်း တော်ဘေး၌ ထွန်း ညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်းကြီး ကအဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တ ယျ ဘုရားပွင့်တော်မူရာကာလ အလောင်းတော်ကဿပ တေဇော ဓာတ်ကျွမ်းလောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါသည်။
တောင်သုံးလုံးဆုံရာ အောက် ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံ ခါးကို စံကျောင်းတော်တံခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော် အား လှူဖွယ်အမျိုးမျိုးကပ်လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်း တော်အား ရည်မှန်း၍ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ကျောက်တံခါး ပွင့်ဟ နေသောကြားမှ ဝတ္ထုနှင့် လက်ဝတ် ရတနာများ လှူဒါန်းကြလေ့ ရှိသည်။
ထူးခြားမှုများ
လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူ အတွင်း၌ စံကျောင်းတော်ထဲသို့ စီး ဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင် ၍ အဓိဋ္ဌာန်ပြု လှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ် များ ပါမလာတော့ဟု သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲ များဖြင့် ပိတ်ဆို့သွား၍ ကွန်ကရိ လျှောက်လမ်းခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲ သောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေမြှုပ် နှံပြီးမည်၍မည်မျှ ကိုဖြင့် အဆောင် အဖြစ် ပြန်စွန့်တော်မူပါဟု ဆု တောင်းလျှင် ပြန်၍တူး ဖော်သော အခါ ထိုပမာဏအတိုင်း ရရှိခဲ့သည်။ ယခုခေတ်တွင်လည်း ကျောက် တံခါး ကြားတွင်ဝတ္ထုငွေကပ်လှူပြီး ဆောင် ထားလိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြု ပြီး ပါက ဆောင်ရမည့် ဝတ္ထုသာ ကျန် သော ဖြစ်စဉ်များကို ကိုယ်တွေ့ကြုံ သူများ အများအပြားရှိသည်။
ခြေတော်ရာ
ရှင်မဟာကဿပ မထေရ်ကြီး သည် မဏိပူရမှ တောင်သုံးလုံးဆုံ ရာအရပ် သို့ကြွတော်မူရာတွင် မင်း ကင်းမြို့နယ်၊ နှင်းကြီးရွာမှ ၄ မိုင်ခန့် အကွာ အညာ လယ်ရွာတွင် ခြေ တော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီး ကျောင်း ဝန်းအတွင်း တည်ရှိပြီးခြေတော်ရာ ပေါ်မှ မြေပေါက်လိုဏ် စေတီ တည် ထားသည်။
သပိတ်ဆေးချောင်း
ပုထိုးလုံးချောင်းအနီးရှိ ချောင်း ငယ်တစ်ခုမှာ ရှင်မဟာကဿပ မထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သ ပိတ်တော်ဆေးခဲ့လို့ သပိတ်ဆေး ချောင်းဟု ခေါ်သည်။ချောင်းအတွင်း ၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။
သင်္ကန်းလှန်းကျောက်ဖြာ
ဘုရားဝစခန်းအောက် (လေး မိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ် တွင်ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာ ပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေ ပါသည်။
ကျီးဖိုနှင့်ကျီးမ
အလောင်းတော် ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြိုနှုတ်ဆက် ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက် တိုင်းကြုံဖူးသူများရှိပါသည်။
ကျောက်တံခါးဖွင့်၍
ဖူးခွင့်ရခဲ့သူများ
ကနီမြို့နယ်၊ ယာကြီးအုပ်စု၊ ရွာမကျေးရွာမှ မောင်ထွန်းကြိုင်၊ မောင်ကျော်၊ ဒေါ်မိဒေါင်း၊ ဒေါ် ကြွားတင် စသူတို့ပါဝင်သော ၁ဝ ဦးအဖွဲ့သည် လွန်ခဲ့သောနှစ် ၃ဝ၊ ၁၃၄ဝ ခု၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ နံနက် ၈ နာရီက အလောင်း တော်ကဿပအောက် လိုဏ်ဂူ ကျောက်တံခါးဝတွင် ဖူးမြော်နေကြ သည်။ ထိုသူတို့ရှေ့၌ အလွန်ကြည် လင်တောက်ပသော အလင်းရောင် အလုံးတစ်လုံးပေါ်လာကာ တဖြည်း ဖြည်းငယ်ရာမှ ကြီးလာပြီး လိုဏ်ဂူ ကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ရှေးဦးစွာ အလောင်းတော်၏ ခေါင်း ရင်းဘက်မှ ရွှေစေတီတစ်ဆူပေါ် လာပြီး မကြာမီအလောင်းတော် အစစ်အား ကျောဘက်မှဖူးမြင်ခွင့်ရ ခဲ့ကြသည်။
တောပွဲ၊ မြို့ပွဲ
အလောင်းတော်ကဿပမှာ အစည်ကားဆုံးပွဲတွေက တပို့တွဲ လပြည့်ထမနဲ စတုဒီသာပွဲနှင့် တပေါင်းလပြည့် ဆွမ်းဆန်စိမ်း လောင်း လှူပွဲတို့ဖြစ်သည်။ ထမနဲပွဲ တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကား ကြီးကားငယ်အသွယ်သွယ်ဖြင့် လာ ရောက်ကြသော မြို့ပွဲဖြစ်သည်။ တပေါင်းလပြည့်တွင်မူ မင်းကင်း၊ ကနီ၊ ယောဒေသများမှ ခြေလျင် ဘုရားဖူးလာကြ သူများ၏ပွဲဖြစ် သည်။ သံဃာတော်များအား ဘုရား ဖူးများက အောက်လိုဏ်ဂူမှအထက် လိုဏ်ဂူအထိတန်းစီ၍ ရေသိမ်အပြီး တွင်လှူဖွယ်များ လောင်းလှူလေ့ ရှိသည်။ မွန်းလွဲ ၁ နာရီကျော် ခန့် တွင်အောက် လိုဏ်ဂူအဝင်ဝ ဘယ် ဘက်ဘေးရှိ ဂူအတွင်းတွင် အလင်း ရောင်အလုံးအရွယ်စုံ ကူးယှက်လှုပ် ရှားသည်ကို ယနေ့တိုင်နှစ်စဉ် တပေါင်းလပြည့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအတွင်းတွင် မိနစ်ပိုင်းခန့်မြင် တွေ့ရမြဲဖြစ်သည်။
သဒ္ဓါတရား ထက်သန်သူတို့၏ ယုံကြည်မှု ကြီးမားချက်အရ အလောင်းတော်ကဿပ ဘုရားဖူး ရာတွင် ထူးခြားစွာ ဖြစ်ပေါ်မှုများ ကိုနှစ်စဉ်တပို့တွဲလပြည့်နှင့်တပေါင်း လပြည့်နေ့များ၌ ဖူးမြင်နေရဆဲဖြစ် ပါသည်။
ကိုညိုလုံး

Thursday, August 27, 2009

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်
အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ
အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို
အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့
သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင်
အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။
အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့
လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်
အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့
တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ
သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို
မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး
ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့
မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊
ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။
ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်
လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ
ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့
မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်


• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ
များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ
နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်
ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ
ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး
ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။
ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး
တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း
ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။
ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။
ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။
ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့
မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို
ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ
ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။
စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး
ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ
တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်
ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက်
နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး
အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့
ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။
သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို
တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့
တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ
အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက
ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ
ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ်
ဝိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။
ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
(ရေနံ့သာမောင်ဘဲ၏ ဓမ္မဒါနဖြစ်ပါသည်။)

အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏
ဤ Onlineတရားများ ဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။
နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦး..

တရားအရသာကို နှစ်သက်၍ တရား၌မွေ့လျော်၊ တရားနှင့်ပျော်ကာ ဒုက္ခခပ်သိမ်း
ငြိမ်းအေး အောင်နိုင်ပါစေ...
အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...
ပေးပို့သူ-မမေသူအောင်အား ကျေးဇူးတင်ရှိပါသည်

Windows 7 နှင့်အတူ Laptop ဒီဇိုင်းအသစ်များ ထွက်ပေါ်လာဖွယ်ရှိ

myanmar internet journal
ဆန်ဖရန်စစ္စကိုမြို့မှာပြုလုပ်ခဲ့တဲ့ Intel Technology Summit မှာ စွမ်းဆောင်ရည်မြင့်မားပြီး အလွန်ပါးလွှာကာ လှပတဲ့ဒီဇိုင်းနဲ့လက်တော့ပ်များကို အနာဂတ်တွင်တွေ့မြင်ရဖွယ်ရှိကြောင်း Intel ရဲ့အလုပ်အမှုဆောင်တစ်ဦး ကပြောကြားခဲ့ပါတယ်။ ဒီလက်တော့ပ်တွေဟာ Windows 7 ထွက်ရှိမည့် အောက်တိုဘာလမှာထွက်ပေါ်လာနိုင်ပြီး ၎င်းလက်တော့ပ်တွေထွက်ပေါ်လာတဲ့အခါမှာ Netbook တွေအနေနဲ့ ကြီးမားတဲ့အပြောင်းအလဲ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။
Intel ကအသစ်ထွက်ရှိမယ့် လက်တော့ပ်ရဲ့ screen အရွယ်အစားဟာ ၁၃.၃ လက်မအရွယ်ရှိပြီး Core i7 mobile processor ပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Hurry Up and Get Idle (HUGI) နည်းပညာပါဝင်လာမှာဖြစ်ပြီး ဒီ HUGI နည်းပညာဟာ စွမ်းအင်ချွေတာနိုင်တဲ့နည်းပညာဖြစ်ပြီး ပရိုဆက်ဆာရဲ့ လျှင်မြန်တဲ့လုပ်ဆောင်မှုကို idle mode အဖြစ်ပြောင်းလဲကာ အနည်းဆုံးစွမ်းအင်ဖြင့် အလုပ်လုပ်နိုင်စေမှာဖြစ်ကြောင်း Intel ရဲ့ Mobile Platforms Group မှ အထွေထွေမန်နေဂျာဖြစ်သူ Mooly Eden ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပရိုဆက်ဆာရဲ့အမြန်နှုန်းကို တိုးမြှင့်လုပ်ဆောင်နိုင်ပြီး ဥပမာအားဖြင့် 2.0 GHz quadcore chip တစ်လုံးမှာပါဝင်တဲ့ core တစ်ခုကို 2.60 GHz နဲ့အထက် တိုးမြှင့်လုပ်ဆောင်ပြီးနောက် ကျန်တဲ့ core တွေရဲ့လုပ်ဆောင်မှုကို အနားပေးထားနိုင်တယ်လို့ Eden ကပြောကြားခဲ့ပါတယ်။

မန္တလေး ICT EXPO 2009 ကျင်းပပြုလုပ်မည် အတွဲ(၁၀) အမှတ်(၃၃)

myanmar internet jaournal
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (မန္တလေးတိုင်း) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (မန္တလေးတိုင်း) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ICT Expo 2009 ပြပွဲကို စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ မန္တလေး မြို့တော်ခန်းမ၌ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မန္တလေးမြို့နှင့်အထက်မြန်မာပြည်မှလုပ်ငန်းရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် လေ့လာလိုသူများအတွက် ICT နည်းပညာပြန့်ပွားသိရှိစေရေးနှင့် ICT လုပ်ငန်းရှင်များ၏ထုတ်ကုန်နှင့် ၀န် ဆောင်မှုများကို မန္တလေးမြို့နှင့် ပတ်ဝန်းကျင်လူထုအကြား ပို့ဆောင်ပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် မန္တလေးမြို့တော်ခန်းမ (၁) တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ယခုကျင်းပမည့် ICT Expo 2009 ပြပွဲမှာ အသင်းများဖွဲ့စည်းခြင်း၏ (၁၁) နှစ်မြောက်အထိမ်းအမှတ်အဖြစ် သတ်မှတ်ကျင်းပသောနည်းပညာပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
ပြပွဲပြလိုသော ကုမ္ပဏီများအနေဖြင့် စက်တင်ဘာလ ၅ ရက်နေ့နောက်ဆုံးထား၍ အခန်းများကိုလျှောက်ထားရမည်ဖြစ်ပြီး စတင်လျှောက်ထားသောအချိန်တွင် Deposit (နှစ်သိန်းငါးသောင်းကျပ်) နှင့် ကြော်ငြာစရိတ် (သုံးသောင်း) ကျပ်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြခန်းအားလျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုချင်းလျှောက်ထားရမည်ဖြစ်ပြီး အခန်းများ၏ ပြန်လည်နေရာချထားမှုကို ကုမ္ပဏီအမည်ဖြင့်သာ ပြန်လည်နေရာချပေးမည်ဖြစ်ကြောင်း သိရသည်။ ပြခန်းများနေရာပြန်လည်ချထားမှုကို စတင်ဘာလ ၁၂ ရက်နေ့တွင် မဲနှိုက်၍ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မဲနှိုက်ရွေးချယ်သည့်နေ့တွင် ကုမ္ပဏီမှ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတစ်ဦးတက် ရောက်ရမည်ဖြစ်ပြီး မတက်ရောက်နိုင်ပါက အသင်းမှချမှတ်ပေးသောအခန်းကိုသာ လက်ခံရယူရမည်ဖြစ်ကြောင်း သိရသည်။ အခန်းများအားလုံးနေရာချထားပြီးပါက အခန်းတန်ဖိုးနှင့် ကြောငြာခအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ပြခန်းများ၏ ရှေ့လျှောက်လမ်း၊ ခန်းမအ၀င် မိမိပြခန်းနှင့်မသက်ဆိုင်သောနေရာများတွင် ကြော်ငြာ Stand, Board များထောင်လိုပါက 2.5'x5' (တစ်ခုလျှင်) တစ်သောင်းကျပ်၊ 8'x10' တစ်ခုလျှင် တစ်သိန်းကျပ်ဖြစ်ကြောင်း သိရ သည်။ ပြခန်းအခနှုန်းထားများမှာ Type A အတွက်လေးသိန်းကျပ်၊ Type B အတွက်လေးသိန်းကျပ်၊ Type C အတွက် သုံးသိန်းငါးသောင်းကျပ်နှင့် Type D အတွက် လေးသိန်းငါးသောင်းကျပ်အသီးသီးဖြစ်ကြောင်း သိရသည်။
ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကွန်ပျူတာအသင်း ရုံးခန်းတည်ရှိရာ အမှတ် -၃၀၄နှင့် ၁၀၃၊ Raysworld Complex 32 လမ်းနှင့် ဇောတိကလမ်းကြား၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား မန္တလေးဖုန်း - 02-69313 ၊ 02- 69315 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

GMAT စာမေးပွဲဘာသာရပ်များ ဖြေဆိုချိန်ပြောင်းလဲ အတွဲ(၁၀) အမှတ်(၃၃)

myanmar internet journal

နိုင်ငံတကာစီးပွားရေးတက္ကသိုလ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့သင်တန်းများ၊ MBA ကျောင်းများဝင်ခွင့်လျှောက်ထားရာတွင် ပူးတွဲပေးပို့ရသော GMAT စာမေးပွဲများဖြေဆိုရန်သတ်မှတ်ထားချိန် အပြောင်းအလဲရှိကြောင်း အွန်လိုင်း စာဖြေဌာနတစ်ခုမှသိရှိရသည်။
“အရင်က GMAT စာမေးပွဲဖြေဆိုချိန် ၂၅၅ မိနစ်ကနေ ၂၄၀ မိနစ်ကို ဇူလိုင်လကုန်ကနေစပြီးတော့ ပြင်ဆင်လျော့ချလိုက်ပါတယ်။ GMAT စာမေးပွဲကို အဓိကအပိုင်း (၄) ခုနဲ့ဖြေဆိုရန် သတ်မှတ်ထားချိန်တွေဟာ အပြောင်းအလဲရှိမှာ မဟုတ်ပဲ Essay အတွက် ၃၀ မိနစ်၊ Essay 2 အတွက် ၃၀ မိနစ်၊ Verbal Section အတွက် ၇၅ မိနစ်၊ Quantitative Section အတွက် ၇၅ မိနစ် ခွင့်ပြုထားမယ်လို့သိရပါတယ်။ Section တစ်ခုနဲ့တစ်ခုအကြား ဖြေဆိုမှုရပ်နားချိန် 10 မိ နစ်အစား ၈ မိနစ်သာပေးတော့မှာဖြစ်တဲ့အတွက် GMAT စာမေးပွဲဖြေဆိုသူတွေအနေနဲ့ သတ်မှတ်ရပ်နားချိန်ထက်ကျော်လွန်ပါက မိမိဖြေဆိုရမည့်အချိန်များထဲမှနှုတ်ယူသွားမည်ဖြစ်ရာ ဖြေဆိုချိန်အလေအလွင့်မရှိစေဖို့ အထူးဂရု ပြုရမှာဖြစ်ပါတယ်။ Tutorial ဖြေဆိုချိန် ၄ မိနစ် BIQS (Background Information Questions) ဖြေဆိုရန် ၄ မိနစ်၊ မိမိရမှတ် Score Report အား မိမိလျှောက်ထားလိုသောသက်ဆိုင်ရာကျောင်းများသို့ ပေးပို့ /မပို့ စဉ်းစားဆုံဖြတ်ချိန် ၂ မိနစ်ပေးထားပါတယ်” ဟု အွန်လိုင်းစာဖြေဌာနတစ်ခုဖြစ်သော Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
GMAT စာမေးပွဲဖြေဆိုမည့်သူများသည် ဘွဲ့ရပြီးသူမည်သူမဆို (၃) ရက်ကြိုတင်စာရင်းသွင်းရမည်ဖြစ်ပြီး မိမိတို့ကြိုက်နှစ်သက်ရာအချိန်နှင့်ရက်ကို ရွေးချယ်ဖြေဆိုနိုင်ကြောင်းသိရသည်။ နိုင်ငံတကာတွင်ဖြေဆိုရသည့် စာမေးပွဲကြေး USD 250 ဖြင့်သာဖြေဆိုနိုင်သည့်အတွက် ပြည်ပသို့ထွက်ရောက်ဖြေဆိုရသည့် စရိတ်များစွာသက်သာစေကြောင်းသိရသည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် Myanmar Inspirations မြန်မာအင်ဖိုတက် အဆောင် (၇)၊ အခန်း (၆) တွင် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

Wednesday, August 26, 2009

ဗုဒ္ဓစွယ်တော်





တရုတ်ပြည်ရဲ့ တန်ခိုးအကြီးဆုံး ဗုဒ္ဓစွယ်တော်တည်ထားတဲ့စေတီနဲ့
ဗုဒ္ဓစွယ်တော်အနီးကပ်ပုံတွေဖြစ်တယ်၊ ရခဲတဲ့ပုံတွေပါ၊
သူတို့ပြည်သူ့တွေတောင် ဓါတ်ပုံရိုက်ခွင့်မရကြဘူး။

စွမ်းဆောင်ရည်မြင့်မားသည့် Netbook တစ်မျိုးဈေးကွက်ဝင်


စွမ်းဆောင်ရည်မြင့်မားသည့် Netbook တစ်မျိုး ကွန်ပျူတာဈေးကွက်တွင် ၀ယ်ယူနိုင်ပြီးဖြစ်ကြောင်းသိရသည်။Intel Atom N270 Process 1.16 GHz ကိုအသုံးပြုထားသော ၎င်း Prolink အမှတ်တံဆိပ် Netbook သည် နည်းပညာမြင့်မား၍ Display Monitor ကို LED Backlight အသုံးပြုထားသဖြင့် မီးစားအားသက်သာကြောင်းသိရှိရသည်။ ထို့ပြင် Keyboard ပုံစံကိုလည်း 101 keys အစား 84 US Keys ကိုအသုံးပြထားသည်။ ထူးခြားချက်မှာ Netbook ၏ Touch Pannel တွင် Touch & Go Function (Resize Image) နှင့် (Hot Keys) နစ်ပါဝင်သည်။ Resize Image သည် ဓါတ်ပုံများကို Touch Pannel တွင် လက်ညှိုးနှင့်လက်ခလယ်ကို ခွဲ၍ချုံ့နိုင်၊ ချဲ့နိုင်သည့်နည်းစနစ်ဖြစ်သည်။ Hot Keys Function သည် မိမိနှစ်သက်သည့် Program များကို ၎င်း Touch Pannel ၏ထောင့်လေးထောင့်တွင် တစ်ခုချင်း setting များချ၍အသုံးပြုနိုင်ကြောင်း သိရှိရသည်။ ထို့ပြင် 3.75 G Ready နှင့် 4 in 1 Card eader ရှိကြောင်းသိရသည်။ ၎င်း Netbook ဖြင့် Wi-Fi စနစ်ကိုအသုံးပြုနိုင်ပြီး 1.3 Mega Pixel ရှိသော Web Cam လည်းပါရှိပြီး အလေးချိန်မှာ 1.1 kg သာလေးကြောင်းသိရသည်။ Built-in Microphone နှင့် Stereo Speaker တို့ပါရှိသော Prolink မှတ်တံဆိပ် Netbook ကို KMD ကွန်ပျူတာစင်တာ ဖုန်း 249797 တွင်ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

src:Internet Journal

Tuesday, August 25, 2009

LCD မော်နီတာများအား စနစ်တကျအသုံးပြုသင့်သည့်နည်းလမ်းများ


ကွန်ပျူတာအသုံးပြုသူများ LCD မော်နီတာများသုံးစွဲရာတွင် ထိခိုက်မှုနည်းပါးပြီး ကြာရှည်ခံစေရန် စနစ်တကျအသုံးပြုသင့်သည့်နည်းလမ်းများရှိကြောင်း LCD မော်နီတာများ တင်သွင်းဖြန့်ချိလျက်ရှိသောကုမ္ပဏီများမှ အကြံ ပြုပြောသည်။
LCD မော်နီတာများတပ်ဆင်သုံးစွဲရာတွင် စတင်တပ်ဆင်စဉ်ကပင် တပ်ဆင်အသုံးပြုပုံအသေးစိတ်လမ်းညွှန်ကို ၎င်းတွင်ပါရှိသော User Guide တွင်ဖတ်ရှုပြီးမှ တပ်ဆင်အသုံးပြုရန် အရေးကြီးပြီး မှားယွင်းတပ်ဆင်အသုံးပြုမှုကြောင့် ပျက်စီးခြင်းဖြစ်ပေါ်ပါက အာမခံအရပါဆုံးရှုံးစေနိုင်ကြောင်းသိရသည်။


“LCD“ မော်နီတာတွေအသုံးပြုရာမှာ သုံးစွဲသူတွေအနေနဲ့ LCD ရဲ့ သက်တမ်းပိုမိုကြာရှည်စွာအသုံးပြုနိုင်အောင် စနစ်တကျနဲ့ ဂရုစိုက်ဆောင်ရွက်ရမယ့်နည်းလမ်းတွေရှိပါတယ်။ ဒီလိုထိန်းသိမ်းလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ ကိုသိရှိပြီး လုပ်ဆောင်ပေးမှုအနေနဲ့ အခုအချိန်အထိအားနည်းနေပါသေးတယ်။ ဂရုစိုက်ကိုင်တွယ် အသုံးပြုတဲ့သူတွေထဲမှာတောင် စနစ်တကျလိုက်နာလုပ်ဆောင်ရမယ့် အချို့အချက်တွေကို မသိရှိတာတွေရှိပါတယ်” ဟု ကွန်ပျူတာသုံးစွဲနေသူတစ်ဦးကပြောသည်။


“ဂရုစိုက်ကိုင်တွယ်အသုံးပြုသင့်တဲ့အချက်တွကို သေချာမသိရှိတဲ့သူတွေအနေနဲ့က အချို့အချက်တွေဟာ သာမန်လုပ်ဆောင်တာပဲဆိုပြီး လုပ်ကိုင်ကြလို့ဖြစ်ပါတယ်။ သတိပြုရမှာက အဲဒီ့သာမန်ကိစ္စလေးကပဲ ကိုယ့်ရဲ့ပစ္စည်းသက်တမ်းကို ထိခိုက်စေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် LCD မျက်နှာပြင်ကိုဆေးကြောရာမှာ သန့်ရှင်းတဲ့ရေနဲ့သာဆေးကြောရမှာဖြစ်ပြီး ဓါတုပစ္စည်းများနဲ့ အစွန်းချွတ်ဆပ်ပြာ မှုန့်တွေကို မသုံးရပါဘူး” ဟု ASUS ၏ မြန်မာနိုင်ငံတစ်ဦးတည်း ဖြန့်ချိခွင့်ကိုယ်စားလှယ် Golden Power Technolog မှ ဆားဗစ်ကျွမ်းကျင်သူတစ်ဦးကအကြံပြုပြောသည်။


LCD များအား ဂရုစိုက်ရန်နည်းလမ်းများအနေဖြင့် ကွန်ပျူတာအသုံးမပြုစဉ်တွင် LCD ကို ပါဝါပိတ်ထားခြင်းဖြင့် LCD ၏သက်တမ်းကိုကြာရှည်စေပြီး လျှပ်စစ်ဓါတ်အားကိုပါ ချွေတာရာရောက်စေနိုင်ကြောင်း သိရသည်။ LCD မျက်နှာပြင်ကို ချွန်ထက်သောအရာ၊ မာကျောသောပစ္စည်းများနှင့် လက်ချောင်းများဖြင့် မထိမိအောင်ဂရုစိုက်ခြင်းဖြင့် အစင်းရာများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး LCD မျက်နှာပြင်ရှိအညစ်အကြေးများကို သန့်ရှင်းရာ၌လည်း လက်ချောင်းများကိုအသုံးမပြုဘဲ ၎င်းအတွက်သီးသန့်ထုတ်ထားသော အ၀တ်စဖြင့်သာ ဆေးကြောသင့်ကြောင်းသိရသည်။

src: Internet Journal

Sonic Boom တိုက်လေယာဉ်အကြောင်း


အသံထက်မြန်တဲ့နှုန်းဖြင့် တိုက်လေယာဉ်များပျံသန်းတဲ့အခါ Sonic boom ဆိုတာ ပုံမှာမြင်ရတဲ့အတိုင်း ဖြစ်လာပါတယ်။ Sonic boom ဟာအလွန်များပြားသော အသံစွမ်း
အင်ကို ဖြစ်ပေါ်ထုပ်လုပ်သဖြင့် ပေါက်ကွဲသံတစ်ခုဖြစ်ကြားရပါတယ်။ လျှပ်စီးလဲ့ခြင်းနှင့် တပြိုင်နက်ဖြစ်ပေါ်သော ရုပ်တရက်ပူချိန်မြင့်တက်ပြီး လေ၏ထုထည် ကြီးမားလာသော်
ကြောင့် မိုးကြိုးပစ်ခြင်း၊ မိုးချုန်း ဖြစ်ပေါ်လာပါသည်။ အဆိုပါဖြစ်စဉ် သည် သဘာဝSonic boom ၏သာဓကဖြစ်ပါသည်။

အရာဝထ္ထုတစ်ခုသည်လေထုတွင်းဖြတ်သန်းသောအခါ ၎င်း အရာဝထ္ထု၏ အရှေ့နှင့်နောက် မှ လေဖိအားလှိုင်းဖြစ်ပေါ်လေ့ရှိသည်။ ရေထဲတွင် လှေ၊ သင်္ဘော ခုတ်မောင်းသောအခါ ဖြစ်ပေါ်လာသော ရေလှိုင်းကဲ့သို့ဖြစ်ပါသည်။ ၎င်းလေလှိုင်းများသည် အသံ၏အမြန်းနှုံးတိုင်းရွေ့လျှားပြီး အရာဝထ္ထုသည်အသံ၏အမြန်နှုံးအတိုင်း ရွေလျှားလာသောအခါ လေ လှိုင်းများသည် သိပ်သည်းသွားပြီးတစ်ခုနှင့်တစ်ခုမရှောင်နိုင်တော့ဘဲ ရိုက်မိကာတုန်ခါ လှိုင်းတစ်ခုတည်းအနေဖြင့် ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့စတင်ဖြစ်ပေါ်သောအရှိန်ကို
မက်-၁ (Mach 1) ဟုသတ်မှတ်ပြီး တစ်နာရီလျှင် ၁၂၂၅ ကီလိုမီတာ သို့မဟုတ်တစ်နာရီလျှင် ၇၆၁ မိုင်နှုန်းရှိပါသည်။ ပုံပါ F-22 Raptor သည် အမြန်နှုံး မက် ၂.၂၅ ( Mach 2.25) တနာရီလျှင် ၂၄၁၀ ကီလိုမီတာ (၁၅၀၀မိုင်နှုံး) ထိပျံ သန်းနိုင်ပြီးအကွာအဝေးဖြင့်အပိုဆီတိုင်ကီနှစ်လုံးတင်ဆောင် ထားပါက ၂၉၆၀ ကီလိုမီတာ (၁၈၄၀ မိုင်) ထိဆက်တိုက်ပျံ သန်းနိုင်ပါသည်။

လေယာဉ်တစ်စင်း၏တန်ဖိုးမှာ ၂၀၀၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၇၇.၆ သန်း (US$ 177.6 million) ရှိပါသည်။ ၂၀၀၃- ၂၀၀၄ ထိ အမေရိကန်လေတပ်တွင်း လုပ်ငန်း တာဝင်ရောက်နေသော အဆိုပါတိုက်လေယာဉ်ပေါင်း ၄၄၂ စင်းရှိပြီး ၁၉၉၆ခုနှစ်တွင် အမေရိကန်အစိုးရ မှ အစင်းပေါင်း ၆၄၈ စင်းဝယ်ယူရန်စီစဉ်ခဲ့ပါသည်။

src: true myanmar

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်း.. PDF Print E-mail



ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsof Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့်
ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ
အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည် အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏ မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google
Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Gmailသို့ sign-in လုပ်ရပါမည်။

၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက "Settings"ကို ရွေးချယ်ပါ။

၃။ "Setting" အောက်မှ "Lab"ဆိုသည့် tabကို ရွေးချယ်ပါ။

၎။ "Lab"စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ "Offline"ဆိုသည့်ဘေးတွင် "Enable"ကို ရွေးပေးရပါမည်။

၅။ ထို့နောက် "Lab"စာမျက်နှာ အောက်ဆုံးကိုသွား၍ "Save Changes" လုပ်ပါ။

၆။ "Save Changes" လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ "Settings"၏ဘေးတွင် "Offline 0.1"ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။

၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို လက်ခံအသုံးပြုဖို့ "Allow it to use Gears"ဘေးမှ check boxကို အမှန်ခြစ်
ပြုလုပ်ပါ။ "Allow" buttonကို ကလစ်နှိပ်ပါ။

၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။ ထို့နောက် "OK" buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင် သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့် Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည် စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ
အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု သိရသည်။

မှတ်ချက်။ ။ကိုယ်ပိုင်သီးသန့်ကွန်ပျူတာသုံး မဟုတ်သူများ မလုပ်သင့်ပါ...။

နိုင်ငံတကာအသိအမှတ်ပြုဘွဲ့များ အွန်လိုင်းမှတစ်ဆင့်ရယူနိုင်


မြန်မာနိုင်ငံမှကျောင်းသားများ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံရှိတက္ကသိုလ်များသို့ သွားရောက်ကျောင်းတက်စရာမလိုဘဲ ပြည်တွင်းမှာပင် အွန်လိုင်းမှတဆင့် Post graduate Diploma မှ Master အထိ IT နှင့် Business ဘာသာရပ်ကို လေ့လာသင်ယူနိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်များကိုရယူနိုင်ကြောင်း သိရသည်။ ၎င်း Online Learning ကို အင်တာနက်ရှိရုံဖြင့် Smart Resource နှင့်ချိတ်ဆက်သင်ကြားပေးနိုင်ပြီး သက်ဆိုင်ရာနိုင်ငံ၏ တက္ကသိုလ်တွင် သွားရောက်သင်ကြားသောစရိတ်ထက် ငါးဆမှဆယ်ဆအထိ သက်သာသလို တက္ကသိုလ် ပရ၀ုဏ်တွင် သွားရောက်သင်ကြားသည့်ကျောင်းသားများအတိုင်း အရည်အချင်းတူညီသည့်အတွက် Online Graduate များအား အလုပ်ရှင်များက လက်ခံရွေးချယ်ကြောင်းသိရသည်။

တက္ကသိုလ်ပရ၀ုဏ်တွင်တက်ရောက်ရသောကျောင်းသားများကဲ့သို့ ဆရာနှင့်အပြန်အလှန်မေးမြန်းကာ တိုက်ရိုက်သင်ကြားနိုင်သည့်အပြင် စာသင်ကြားသော video conferencing section အား မှတ်တမ်းပြုလုပ်ထားသဖြင့် တိုက် ရိုက်စာသင်ချိန်တွင် မသင်ယူဖြစ်ရင်သော်လည်းကောင်း၊ သင်ထားသည်များကို ပြန်လည်လေ့လာလိုလျှင်လည်းကောင်း အလွယ်တကူကြည့်ရှု့နိုင်သည်ဟုသိရသည်။ (24) hours /(7) days Technical Support ဖြစ်သည့်အတွက် မရှင်း လင်းသည်များရှိပါက ဆရာများထံသို့ email ဖြင့် အချိန်မရွေးမေးမြန်းနိုင်ပြီး (၂၄) နာရီအတွင်း ပြန်လည်ဖြေကြားပေးပြီး၊ စာသင်ကြားရာတွင် အထောက်အကူဖြစ်စေမည့် e-books, Journals နှင့် articles (၄၀,၀၀၀) ကျော်ကို University ကြီးများ၏ E-Library များတွင် အလွယ်တကူဝင်ရောက်ရှာဖွေလေ့လာမှီငြိမ်းကိုးကားနိုင်ကြောင်း သိရသည်။

ကျောင်းသားများသည် ကိုယ်ပိုင် ID နှင့် password တစ်ခုချင်းစီဖြင့် www.purpletrain.com သို့ဝင်ရောက်ပြီးသင်ယူရမည်။ သက်ဆိုင်ရာ Graduate Level နှင့် Examination တို့ဖြင့် လေ့လာသင်ကြားရမည်ဟုသိရသည်။ Smart Resources သည် Online Graduate Learning Program များအား မြန်မာပြည်မှသင်ကြားနိုင်ရန် တာဝန်ယူဆောင်ရွက်ပေးရသည့် တစ်ခုတည်းသော Authorized Agent ဖြစ်ပြီး Online Graduate Learing Program များအတွက် ကျောင်းလျှောက်ထားခြင်းဆိုင်ရာဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

src:Internet Journal

Share

Twitter Delicious Facebook Digg Stumbleupon Favorites More