Wednesday, September 9, 2009

Sony မှ Xperia X2 စမတ်ဖုန်းနဲ့ X Series Vaio လက်တော့ပ်ကိုမိတ်ဆက်

internet journal
ဂျာမနီနိုင်ငံဘာလင်မြို့မှာပြုလုပ်ခဲ့တဲ့ IFA 2009 ပြပွဲတွင် Sony ကုမ္ပဏီမှ စမတ်ဖုန်းတစ်မျိုးနဲ့ အလွန်ပါးလွှာတဲ့လက်တော့ပ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ကြောင်းသိရပါတယ်။ Sony မှပြသခဲ့တဲ့လက်တော့ပ်ရဲ့အမည်ဟာ Sony Viao X Series ဖြစ်ပြီး အနက်ရောင်ကာဗွန်ဖိုက်ဘာကိုယ်ထည်ဖြင့်ပြုလုပ်ထားကာ အလေးချိန် ၁.၅ ပေါင်ခန့်သာရှိကြောင်းသိရပါတယ်။ ၁၁.၁ လက်မအရွယ် screen ပါဝင်ပြီး လက်တော့ပ်ရဲ့အထူကတော့ လက် မ၀က်ခန့်သာရှိတယ်လို့ဆိုပါတယ်။ Built-in wireless 3G ပါဝင်ပြီး ဘက်ထရီကိုလည်းအချိန်ကြာမြင့်စွာအသုံးပြုနိုင်မှာဖြစ်ကြောင်း Sony Europe မှဒုက္ကဋ္ဌဖြစ်သူ Fujo Nishida ကကြေညာပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလက် တော့ပ်နဲ့ပတ်သက်တဲ့အသေးစိတ် ဖော်ပြချက်နဲ့ဈေးနှုန်းကိုတော့ Nishida ကပြောကြားသွားခဲ့ခြင်း မရှိပါဘူး။
Sony မှထပ်မံမိတ်ဆက်ပြသပေးခဲ့တဲ့စမတ်ဖုန်းရဲ့အမည်ကတော့ Xperia X2 ဖြစ်ပြီး Microsoft ရဲ့ Windows Mobile 6.5 ကို အသုံးပြုထားကြောင်းသိရပါတယ်။ ဒီဖုန်းနဲ့ပတ်သက်ပြီး ဈေးနှုန်းထုတ်ပြန်ထားခြင်းမရှိပေမယ့် ယခုနှစ် စတုတ္ထလေးလပတ်အတွင်း တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ Nishida ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ကုမ္ပဏီအနေနဲ့အနာဂတ်တွင် network device တွေမှာကြည့်ရှုနိုင်မယ့် 3D နဲ့ပတ်သက်ပြီး Sony ရဲ့ CEO ဖြစ်သူ Howard Stringer ကအရိပ်အမြွက်ပြောကြားခဲ့တယ်လို့သိရပါတယ်။ ဒါ ကြောင့် 3D ရုပ်ရှင်များပိုမိုထွက်ပေါ်လာဖွယ်ရှိပြီး ၎င်း 3D များကိုကြည့်ရှုနိုင်မယ့် Bluray player များ၊ Vaio လက်တော့ပ်များနဲ့ PlayStation 3 များကိုပိုမိုထုတ် လုပ်ဖွယ်ရှိပေမယ့် ဘယ်အချိန်မှာထုတ်လုပ်ရောင်းချမယ်ဆိုတာကိုတော့ Stringer ကပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More