This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, September 16, 2009

မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမ များ နေထိုင်သော အိမ်အား အကြမ်းဖက် ဝင်ရောက်လုယက်

ပြည်ပနိုင်ငံ တွင်လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ အမျိုးသမီးများမှာလုံခြုံ မှု မရှိကြောင်း အောက်ပါ အဖြစ်အပျက်က သက်သေပြနေပါသည် ။မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူး တွင် အလုပ် လာရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေးများ နေထိုင်သောအိမ်ကို အကြမ်းဖက်ဝင်ယောက် ပစ္စည်းယူ မုဒိန်းကျင့် သောအမှုတခု ဖြစ်ပွားခဲ့ကြောင့် သိရှိရပါသည်။အမှုမဖြစ်ပွားမှီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက် လမ်းကြားမှ လာရောက် ကြည့်ရှု့ချောင်းမြောင်း နေသည့် ယောင်္ကျားလေး သူစိမ်း ကို တွေ့ရှိရ သဖြင့် အလုပ်သမ များမှ အေးဂျင့်အား ဖုန်းဆက် ကာ အကြောင်းကြား သော်လည်း တစ်စုံတရာ လာရောက် ပြောဆိုလုပ်ကိုင်ပေးချင်း မရှိခဲ့ပါ။နောက်တစ်ကြိမ်တွင်းလည်း အဆိုပါအိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်မြင်ယူ စသူများလာရောက်၍ မဖွယ်မရာ ပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြသဖြင့် အေးဂျင့်အားထပ်မံ တိုင်ကြား ခဲ့ပါသည်။အဆိုပါ အေးဂျင့် မှ သူနှင့် မဆိုင်သလို တာဝန်ယူဖြေရှင်း...

Wednesday, September 9, 2009

Sony မှ Xperia X2 စမတ်ဖုန်းနဲ့ X Series Vaio လက်တော့ပ်ကိုမိတ်ဆက်

internet journalဂျာမနီနိုင်ငံဘာလင်မြို့မှာပြုလုပ်ခဲ့တဲ့ IFA 2009 ပြပွဲတွင် Sony ကုမ္ပဏီမှ စမတ်ဖုန်းတစ်မျိုးနဲ့ အလွန်ပါးလွှာတဲ့လက်တော့ပ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ကြောင်းသိရပါတယ်။ Sony မှပြသခဲ့တဲ့လက်တော့ပ်ရဲ့အမည်ဟာ Sony Viao X Series ဖြစ်ပြီး အနက်ရောင်ကာဗွန်ဖိုက်ဘာကိုယ်ထည်ဖြင့်ပြုလုပ်ထားကာ အလေးချိန် ၁.၅ ပေါင်ခန့်သာရှိကြောင်းသိရပါတယ်။ ၁၁.၁ လက်မအရွယ် screen ပါဝင်ပြီး လက်တော့ပ်ရဲ့အထူကတော့ လက် မ၀က်ခန့်သာရှိတယ်လို့ဆိုပါတယ်။ Built-in wireless 3G ပါဝင်ပြီး ဘက်ထရီကိုလည်းအချိန်ကြာမြင့်စွာအသုံးပြုနိုင်မှာဖြစ်ကြောင်း Sony Europe မှဒုက္ကဋ္ဌဖြစ်သူ Fujo Nishida ကကြေညာပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလက် တော့ပ်နဲ့ပတ်သက်တဲ့အသေးစိတ် ဖော်ပြချက်နဲ့ဈေးနှုန်းကိုတော့ Nishida ကပြောကြားသွားခဲ့ခြင်း...

Sunday, September 6, 2009

DUAL-SCREEN LAPTOP အသစ်အဆန်းစတင်ရောင်းချမည်

internet journalကမ္ဘာ့ကွန်ပျူတာလောကရဲ့ပထမဆုံးဖြစ်မယ့် screen နှစ်ခုပါ dual-screen Laptop ယခုနှစ် ခရစ္စမတ်ကာလအတွင်း အမေရိကန်မှာစတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ Spacebook လို့အမည်ပေးထားတဲ့ Laptop ကိုအမေရိကန် နိုင်ငံအလက်စကာပြည်နယ်အခြေစိုက်ကုမ္ပဏီငယ်တစ်ခုဖြစ်တဲ့ gScreen မှ တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Laptop အရွယ်တူ LED backlit screen နှစ်ခုကိုထပ်လျှက်တပ်ဆင်ထားပြီး screen နှစ်ခုဖြင့်သုံးဖို့လိုတဲ့အခါ ဒုတိယ screen ကိုဆွဲထုတ်အသုံးပြုနိုင်ပြီး အသုံးမလိုတော့တဲ့အခါလည်း အလွယ်တကူပြန်ထည့်သွင်းထားလိုက်ရုံပဲဖြစ်ပါတယ်။ Screen တစ်ခုချင်းစီဟာ ၁၇ လက်မအရွယ်အစားရှိတာကြောင့် နှစ်ခုစလုံးအသုံးပြုတဲ့အခါ ၃၄ လက် မရှိတဲ့မြင်ကွင်းကျယ်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။gScreen ကုမ္ပဏီရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ဒီဇိုင်နာ...

Microsoft စာမေးပွဲကြေးများ လျှော့ချဖြေဆိုခွင့်ပြု

်internet journalမိုက္ကရိုဆော့ဖ်မှ အိုင်တီသမားများအတွက် Job role တစ်ခုမှ အခြားမိုက္ကရိုဆော့ဖ်နည်းပညာအခြေပြု Job role တစ်ခုသို့ပြောင်းလဲရာတွင် အထောက်အကူပေးမည့် Career Campaign အစီအစဉ်တစ်ရပ်ကို ၂၀၀၉ ခုနှစ်နောက်ဆုံး (၄) လတွင် စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။Campaign ၏ပထမအဆင့်အဖြစ် သတ်မှတ်စာမေးပွဲ (၇၄) မျိုးအား စာမေးပွဲကြေး 15% မှ 25% ထိ လျော့ချဖြေဆိုခွင့်ပြလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းစာဖြေဌာနများဖြစ်သော Myanmar Inspirations နှင့် Globel net တို့မှသိရှိ ရသည်။ MCTS, MCPD, MCITP အစရှိသော နည်းပညာအောင်လက်မှတ်များပါဝင်သည့် 15% သက်သာခွင့်ပေးမည့် စာမေးပွဲ (၂၄) မျိုး၊ 20% သက်သာခွင့်ပေးမည့် စာမေးပွဲ (၁၅) မျိုး၊ 25% သက်သာခွင့်ပေးမည့် စာမေးပွဲ ၃၃ မျိုးရှိပြီး...

Saturday, September 5, 2009

စင်ကာပူတွင် တစ်ဆင့်ခံကန်ထရိုက်တာများ၏ ခေါင်းပုံဖြတ်ခြင်းကြောင့် နိုင်ငံခြားသားအလုပ်သမားများ ဒုက္ခတွေ့နေရ

yangon media groupစင်ကာပူနိုင်ငံသည် ကျွမ်းကျင်ရန်မလိုသော အလုပ်သမားများအား တံခါးဖွင့်လက်ခံခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၃၀ကျော်ကြာခဲ့ပြီဖြစ်သည်။သို့ရာတွင် ဆယ်စုနှစ်များစွာအတွင်း များသောအားဖြင့် အလုပ်ရှင် များ၏ ကောင်းမွန်သည့် မှတ်တမ်းမှတ်ရာများရှိခဲ့သော်လည်း နိုင်ငံခြားသား အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မတရားပြုသည့် အမှုများရှိနေသည်။လွန်ခဲ့သည့်ရက်သတ္တနှစ်ပတ်က ဘင်္ဂလားဒေ့ရှ်အလုပ်သမား ၁၈၀မှာ ဒုက္ခရောက်နေပြီး ပစ်ထားခံရသည်ကို တွေ့ရှိခဲ့ရသည်။ သူတို့၏လုပ်အားခ ကို တစ်ဆင့်ခံကန်ထရိုက်တာက မပေးကြောင်း သိရသ...

Friday, September 4, 2009

CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့် လျှောက်ထားနိုင်

Friday, 04 September 2009 internet journalNetworking Certificate Exam များတွင် Cisco Certificate များမှာ နံပါတ် (၁) နေရာတွင်ရယူထားသော်လည်း Cisco စာမေးပွဲကြေးများမှာ မြင့်မားလျက်ရှိကြောင်းသိရသည်။ ထိုသို့စာမေးပွဲကြေးများမြင့်မားသဖြင့် Cisco Networking ဘာသာရပ်ကို လေ့လာထားသော်လည်း စာမေးပွဲဖြေဆိုရန် အခက်အခဲရှိသူမည်သူမဆို CCNA စာမေးပွဲ အခမဲ့ဖြေဆိုခွင့်လျှောက်ထားနိုင်ကြောင်း Netinfo Training Centre မှသိရှိရသည်။ အဆိုပါဖြေဆိုခွင့်မှာ Cisco စာမေးပွဲများအားလုံးအတွက်မဟုတ်ဘဲ CCNA စာမေးပွဲတစ်ခုတည်းအတွက်သာ စာမေးပွဲအခမဲ့ဖြေဆိုခွင့် ဖြစ်ကြောင်း သိရသည်။“မြန်မာနိုင်ငံမှာ ICT ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူငယ်တွေဟာ ကွန်ပျူတာလေ့လာသင်ယူမှုတွေ ပိုများလာပါတယ်” ဒီလိုလေ့လာသင်ယူလာတဲ့အထဲမှာ...

Tuesday, September 1, 2009

ပုံနှိပ်မဂ္ဂဇင်းစာမျက်နှာတွင် ဗီဒီယိုကြည့်ရှုနိုင်မည့်နည်းပညာသစ်

internet journalကမ္ဘာကျော်ဟယ်ရီပေါ်တာဇာတ်လမ်းထဲကကို လှုပ်ရှားပုံရိပ်တွေပါဝင်တဲ့သတင်းစာတွေ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ရေး ပထမဆုံးခြေလှမ်းကို အမေရိကန်မှာစတင်လိုက်ပါပြီ။ စာရွက်ပေါ်မှာ ကြော်ငြာဗီဒီယိုထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံးမဂ္ဂဇင်းကို လာမယ့်စက်တင်ဘာလအတွင်း အမေရိကန်မှာဖတ်ရှုနိုင်တော့မယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံထုတ် Entertainment Weekly (EW) မဂ္ဂဇင်းမှာ အလွန်ပါးလွှာတဲ့ screen, minispeaker တို့နဲ့အတူ video-chip ထည့်သွင်းထားမှာဖြစ်ပြီး စာဖတ်သူအနေနဲ့ မဂ္ဂဇင်းစာရွက်ပေါ်မှာပင် ကြော်ငြာတွေကို ဗီဒီယိုအဖြစ်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ စာရွက်ပေါ်မှာ ဗီဒီယိုကြည့်ရှုနိုင်မယ့် screen လေးတွေဟာ ပုံနှိပ်ခြင်း၊ မဂ္ဂဇင်းစာအုပ်ချုပ်ခြင်းနဲ့ သယ်ယူပို့ဆောင်ရာမှာလည်း အကြမ်းခံနိုင်တယ်လို့...

Pages 61234 »

Share

Twitter Delicious Facebook Digg Stumbleupon Favorites More