This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, August 30, 2009

Windows 7 RC Download ပြုလုပ်ခွင့်ရပ်ဆိုင်း

internet journalWindows 7 Release Candidate (RC) ရဲ့ ဒေါင်းလုပ်ပြုလုပ်ခွင့်ကိုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Microsoft မှ အတည်ပြုပြောကြားလိုက်ပါတယ်။ Microsoft ကုမ္ပဏီဟာ Windows 7 RC ဒေါင်းလုပ်လုပ်ခဲ့ကြသူများကို Windows 7 RC ဒေါင်းလုပ်ကုန်ဆုံးမယ့်ရက်အား အီးမေးလ်မှတဆင့် အသိပေးအကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတိပေးအကြောင်းကြားချက်ထပ်မံပေးပို့ခဲ့ပြီး ကြာသပတေး နေ့မှာတော့ Windows 7 RC ဒေါင်းလုပ်ပြုလုပ်ခွင့်အားရပ်ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။Microsoft ဟာ Windows 7 RC ကိုပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှစတင်ကာ ဒေါင်းလုပ်ပြုလုပ်ခွင့်ပေးခဲ့ပြီး နောက်ဆုံးရက်ကို သြဂုတ်လ ၁၅ ရက်နေ့အထိသတ်မှတ်ထားခဲ့ပေမယ့် Windows...

Friday, August 28, 2009

အမေရိကန်ပြည်ထောင်စု၏ အလုပ်လက်မဲ့ဖြစ်မှု အဆိုးရွားဆုံးအခြေအနေမှ တဖြည်းဖြည်းကျဆင်း

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးက ဧပြီလ တွင် အလုပ်နေရာ ၅၃၉၀၀၀ ဆုံးရှုံးခဲ့ရာ လွန်ခဲ့သည့်လများ ကထက် အလုပ်လက်မဲ့နှုန်းလျော့နည်းသွားခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ထိုကဲ့သို့သောအသွင်လက္ခဏာက အမေရိကန် ပြည်ထောင်စု၏ အလုပ်သမားဈေးကွက်မှာ ပြန်လည်တိုး တက်မှုရှိလာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။ အလုပ် သမားဝန်ကြီးဌာန၏အဆိုအရ အလုပ်လက်မဲ့နှုန်းသည် ၈ ဒသမ ၉ရာခိုင်နှုန်း မြင့်တက်နေခြင်းသည် လွန်ခဲ့သည့်မတ်လ က ၈ဒသမ၅ ရာခိုင်နှုန်းရှိရာမှ ထပ်မံမြင့်တက်လာခြင်းဖြစ် သည်ဟုဆိုသည်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလမှစ၍ အမေရိကန်ပြည် ထောင်စုတွင် လူပေါင်း ၅ဒသမ ၇သန်းခန့် အလုပ်လက်မဲ့ဖြစ် ခဲ့ခြင်းဖြစ်ပြီး ပညာရေးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုဌာန နှင့် အစိုးရရုံးဌာနများတွင် အလုပ်သမား ငှားရမ်းအသုံးပြုနေ ခဲ့သော်လည်း...

အလောင်းတော်ကဿပတွင် ထူးခြားမှုများ နှစ်စဉ်ပေါ်ထွန်း

ပေါ်ပြူလာ ဂျာနယ်မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော် ကဿပဒေသသည် မုံရွာ မြို့တစ် ဘက်ကမ်းညောင်ပင်ကြီးဆိပ်မှ မိုင် ၆ဝ ကျော် ကွာဝေးပါသည်။ ယခုနှစ် တပို့ တွဲလပြည့်နေ့က အလောင်း တော်က ဿပ ပရိနိဗ္ဗာန်ပြုရာ စံ ကျောင်းတော် ကျောက် သားတံခါး ပွင့်ဟမှုဖြစ်စဉ်ကို ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်သူ အမျိုးသမီး တစ်ဦးမှ မှတ်တမ်းတင် ဗီဒီယို ရိုက် ကူးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ဒေသ ခံများ၏ ကိုယ်တွေ့၊ ပြောပြချက် အရမူ အလောင်းတော် ကဿပ တွင် နှစ်စဉ် တပို့တွဲလပြည့်နှင့် တပေါင်းလပြည့်နေ့များတွင် ထူးခြား မှုဖြစ်ပေါ်လေ့ရှိကြောင်း သိရပါ သည်။ ရှေးယခင်က အလောင်း တော် ကဿပသို့ ဘုရားဖူးသွားလို လျှင် ခြေလျင်ခရီးသာရှိပြီး ယခု အခါ ပွင့်လင်းရာသီတန်ဆောင်မုန်း လမှစတင်၍ တန်ခူးလသင်္ကြန်...

Thursday, August 27, 2009

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင်...

Windows 7 နှင့်အတူ Laptop ဒီဇိုင်းအသစ်များ ထွက်ပေါ်လာဖွယ်ရှိ

myanmar internet journalဆန်ဖရန်စစ္စကိုမြို့မှာပြုလုပ်ခဲ့တဲ့ Intel Technology Summit မှာ စွမ်းဆောင်ရည်မြင့်မားပြီး အလွန်ပါးလွှာကာ လှပတဲ့ဒီဇိုင်းနဲ့လက်တော့ပ်များကို အနာဂတ်တွင်တွေ့မြင်ရဖွယ်ရှိကြောင်း Intel ရဲ့အလုပ်အမှုဆောင်တစ်ဦး ကပြောကြားခဲ့ပါတယ်။ ဒီလက်တော့ပ်တွေဟာ Windows 7 ထွက်ရှိမည့် အောက်တိုဘာလမှာထွက်ပေါ်လာနိုင်ပြီး ၎င်းလက်တော့ပ်တွေထွက်ပေါ်လာတဲ့အခါမှာ Netbook တွေအနေနဲ့ ကြီးမားတဲ့အပြောင်းအလဲ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။Intel ကအသစ်ထွက်ရှိမယ့် လက်တော့ပ်ရဲ့ screen အရွယ်အစားဟာ ၁၃.၃ လက်မအရွယ်ရှိပြီး Core i7 mobile processor ပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Hurry Up and Get Idle (HUGI) နည်းပညာပါဝင်လာမှာဖြစ်ပြီး ဒီ HUGI နည်းပညာဟာ စွမ်းအင်ချွေတာနိုင်တဲ့နည်းပညာဖြစ်ပြီး...

မန္တလေး ICT EXPO 2009 ကျင်းပပြုလုပ်မည် အတွဲ(၁၀) အမှတ်(၃၃)

myanmar internet jaournalမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (မန္တလေးတိုင်း) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (မန္တလေးတိုင်း) တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ICT Expo 2009 ပြပွဲကို စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ မန္တလေး မြို့တော်ခန်းမ၌ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မန္တလေးမြို့နှင့်အထက်မြန်မာပြည်မှလုပ်ငန်းရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် လေ့လာလိုသူများအတွက် ICT နည်းပညာပြန့်ပွားသိရှိစေရေးနှင့် ICT လုပ်ငန်းရှင်များ၏ထုတ်ကုန်နှင့် ၀န် ဆောင်မှုများကို မန္တလေးမြို့နှင့် ပတ်ဝန်းကျင်လူထုအကြား ပို့ဆောင်ပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် မန္တလေးမြို့တော်ခန်းမ (၁) တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ယခုကျင်းပမည့်...

GMAT စာမေးပွဲဘာသာရပ်များ ဖြေဆိုချိန်ပြောင်းလဲ အတွဲ(၁၀) အမှတ်(၃၃)

myanmar internet journalနိုင်ငံတကာစီးပွားရေးတက္ကသိုလ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့သင်တန်းများ၊ MBA ကျောင်းများဝင်ခွင့်လျှောက်ထားရာတွင် ပူးတွဲပေးပို့ရသော GMAT စာမေးပွဲများဖြေဆိုရန်သတ်မှတ်ထားချိန် အပြောင်းအလဲရှိကြောင်း အွန်လိုင်း စာဖြေဌာနတစ်ခုမှသိရှိရသည်။“အရင်က GMAT စာမေးပွဲဖြေဆိုချိန် ၂၅၅ မိနစ်ကနေ ၂၄၀ မိနစ်ကို ဇူလိုင်လကုန်ကနေစပြီးတော့ ပြင်ဆင်လျော့ချလိုက်ပါတယ်။ GMAT စာမေးပွဲကို အဓိကအပိုင်း (၄) ခုနဲ့ဖြေဆိုရန် သတ်မှတ်ထားချိန်တွေဟာ အပြောင်းအလဲရှိမှာ မဟုတ်ပဲ Essay အတွက် ၃၀ မိနစ်၊ Essay 2 အတွက် ၃၀ မိနစ်၊ Verbal Section အတွက် ၇၅ မိနစ်၊ Quantitative Section အတွက် ၇၅ မိနစ် ခွင့်ပြုထားမယ်လို့သိရပါတယ်။ Section တစ်ခုနဲ့တစ်ခုအကြား ဖြေဆိုမှုရပ်နားချိန် 10 မိ နစ်အစား ၈ မိနစ်သာပေးတော့မှာဖြစ်တဲ့အတွက် GMAT စာမေးပွဲဖြေဆိုသူတွေအနေနဲ့ သတ်မှတ်ရပ်နားချိန်ထက်ကျော်လွန်ပါက မိမိဖြေဆိုရမည့်အချိန်များထဲမှနှုတ်ယူသွားမည်ဖြစ်ရာ...

Wednesday, August 26, 2009

ဗုဒ္ဓစွယ်တော်

တရုတ်ပြည်ရဲ့ တန်ခိုးအကြီးဆုံး ဗုဒ္ဓစွယ်တော်တည်ထားတဲ့စေတီနဲ့ဗုဒ္ဓစွယ်တော်အနီးကပ်ပုံတွေဖြစ်တယ်၊ ရခဲတဲ့ပုံတွေပါ၊သူတို့ပြည်သူ့တွေတောင် ဓါတ်ပုံရိုက်ခွင့်မရကြဘ...

စွမ်းဆောင်ရည်မြင့်မားသည့် Netbook တစ်မျိုးဈေးကွက်ဝင်

စွမ်းဆောင်ရည်မြင့်မားသည့် Netbook တစ်မျိုး ကွန်ပျူတာဈေးကွက်တွင် ၀ယ်ယူနိုင်ပြီးဖြစ်ကြောင်းသိရသည်။Intel Atom N270 Process 1.16 GHz ကိုအသုံးပြုထားသော ၎င်း Prolink အမှတ်တံဆိပ် Netbook သည် နည်းပညာမြင့်မား၍ Display Monitor ကို LED Backlight အသုံးပြုထားသဖြင့် မီးစားအားသက်သာကြောင်းသိရှိရသည်။ ထို့ပြင် Keyboard ပုံစံကိုလည်း 101 keys အစား 84 US Keys ကိုအသုံးပြထားသည်။ ထူးခြားချက်မှာ Netbook ၏ Touch Pannel တွင် Touch & Go Function (Resize Image) နှင့် (Hot Keys) နစ်ပါဝင်သည်။ Resize Image သည် ဓါတ်ပုံများကို Touch Pannel တွင် လက်ညှိုးနှင့်လက်ခလယ်ကို ခွဲ၍ချုံ့နိုင်၊ ချဲ့နိုင်သည့်နည်းစနစ်ဖြစ်သည်။ Hot Keys Function သည် မိမိနှစ်သက်သည့် Program များကို ၎င်း Touch...

Tuesday, August 25, 2009

LCD မော်နီတာများအား စနစ်တကျအသုံးပြုသင့်သည့်နည်းလမ်းများ

ကွန်ပျူတာအသုံးပြုသူများ LCD မော်နီတာများသုံးစွဲရာတွင် ထိခိုက်မှုနည်းပါးပြီး ကြာရှည်ခံစေရန် စနစ်တကျအသုံးပြုသင့်သည့်နည်းလမ်းများရှိကြောင်း LCD မော်နီတာများ တင်သွင်းဖြန့်ချိလျက်ရှိသောကုမ္ပဏီများမှ အကြံ ပြုပြောသည်။LCD မော်နီတာများတပ်ဆင်သုံးစွဲရာတွင် စတင်တပ်ဆင်စဉ်ကပင် တပ်ဆင်အသုံးပြုပုံအသေးစိတ်လမ်းညွှန်ကို ၎င်းတွင်ပါရှိသော User Guide တွင်ဖတ်ရှုပြီးမှ တပ်ဆင်အသုံးပြုရန် အရေးကြီးပြီး မှားယွင်းတပ်ဆင်အသုံးပြုမှုကြောင့် ပျက်စီးခြင်းဖြစ်ပေါ်ပါက အာမခံအရပါဆုံးရှုံးစေနိုင်ကြောင်းသိရသည်။“LCD“ မော်နီတာတွေအသုံးပြုရာမှာ သုံးစွဲသူတွေအနေနဲ့ LCD ရဲ့ သက်တမ်းပိုမိုကြာရှည်စွာအသုံးပြုနိုင်အောင် စနစ်တကျနဲ့ ဂရုစိုက်ဆောင်ရွက်ရမယ့်နည်းလမ်းတွေရှိပါတယ်။ ဒီလိုထိန်းသိမ်းလုပ်ဆောင်သင့်တဲ့...

Sonic Boom တိုက်လေယာဉ်အကြောင်း

အသံထက်မြန်တဲ့နှုန်းဖြင့် တိုက်လေယာဉ်များပျံသန်းတဲ့အခါ Sonic boom ဆိုတာ ပုံမှာမြင်ရတဲ့အတိုင်း ဖြစ်လာပါတယ်။ Sonic boom ဟာအလွန်များပြားသော အသံစွမ်းအင်ကို ဖြစ်ပေါ်ထုပ်လုပ်သဖြင့် ပေါက်ကွဲသံတစ်ခုဖြစ်ကြားရပါတယ်။ လျှပ်စီးလဲ့ခြင်းနှင့် တပြိုင်နက်ဖြစ်ပေါ်သော ရုပ်တရက်ပူချိန်မြင့်တက်ပြီး လေ၏ထုထည် ကြီးမားလာသော်ကြောင့် မိုးကြိုးပစ်ခြင်း၊ မိုးချုန်း ဖြစ်ပေါ်လာပါသည်။ အဆိုပါဖြစ်စဉ် သည် သဘာဝSonic boom ၏သာဓကဖြစ်ပါသည်။အရာဝထ္ထုတစ်ခုသည်လေထုတွင်းဖြတ်သန်းသောအခါ ၎င်း အရာဝထ္ထု၏ အရှေ့နှင့်နောက် မှ လေဖိအားလှိုင်းဖြစ်ပေါ်လေ့ရှိသည်။ ရေထဲတွင် လှေ၊ သင်္ဘော ခုတ်မောင်းသောအခါ ဖြစ်ပေါ်လာသော ရေလှိုင်းကဲ့သို့ဖြစ်ပါသည်။ ၎င်းလေလှိုင်းများသည် အသံ၏အမြန်းနှုံးတိုင်းရွေ့လျှားပြီး အရာဝထ္ထုသည်အသံ၏အမြန်နှုံးအတိုင်း...

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်း.. PDF Print E-mail

ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsof Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့်ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။ယခု Offline Gmail ဝန်ဆောင်မှုကို...

နိုင်ငံတကာအသိအမှတ်ပြုဘွဲ့များ အွန်လိုင်းမှတစ်ဆင့်ရယူနိုင်

မြန်မာနိုင်ငံမှကျောင်းသားများ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံရှိတက္ကသိုလ်များသို့ သွားရောက်ကျောင်းတက်စရာမလိုဘဲ ပြည်တွင်းမှာပင် အွန်လိုင်းမှတဆင့် Post graduate Diploma မှ Master အထိ IT နှင့် Business ဘာသာရပ်ကို လေ့လာသင်ယူနိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်များကိုရယူနိုင်ကြောင်း သိရသည်။ ၎င်း Online Learning ကို အင်တာနက်ရှိရုံဖြင့် Smart Resource နှင့်ချိတ်ဆက်သင်ကြားပေးနိုင်ပြီး သက်ဆိုင်ရာနိုင်ငံ၏ တက္ကသိုလ်တွင် သွားရောက်သင်ကြားသောစရိတ်ထက် ငါးဆမှဆယ်ဆအထိ သက်သာသလို တက္ကသိုလ် ပရ၀ုဏ်တွင် သွားရောက်သင်ကြားသည့်ကျောင်းသားများအတိုင်း အရည်အချင်းတူညီသည့်အတွက် Online Graduate များအား အလုပ်ရှင်များက လက်ခံရွေးချယ်ကြောင်းသိရသည်။တက္ကသိုလ်ပရ၀ုဏ်တွင်တက်ရောက်ရသောကျောင်းသားများကဲ့သို့...

Pages 61234 »

Share

Twitter Delicious Facebook Digg Stumbleupon Favorites More